AD
AD
AD

play

 

မြန်မာနိုင်ငံကို ၀င်ရောက်မှုနည်းနေတဲ့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးဖို့အတွက် မကြာခင်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့က နေပြည်တော် MICC II မှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကွန်ဖရင့်- ၂၀၁၈ မှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလိုဖြေကြားခဲ့တာဖြစ်ပြီး ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုး တက်စေဖို့အတွက် အဆိုပါနိုင်ငံတွေကို ဗီဇာစနစ်တွေ ဖြေလျှော့ပေးဖို့ စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

ဗီဇာကင်းလွတ်ခွင့်အတွက် နိုင်ငံခြားရေး၊ လဝက၊ ပြည်ထဲရေး၊ ပို့ဆောင်ရေး၊ စီမံဘဏ္ဍာ စတဲ့ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းတွေကို ဇွန်လကုန်အပြီး ဆောင်ရွက်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့  ဦးတင့်သွင်က ဇွန်လ ၁၀ ရက်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

" အခုက ဂျပန်တွေမြန်မာကို ဘယ်လောက်စိတ်ဝင်စားလဲ၊ ဘယ်လောက်စိတ်ဝင်စားလဲဆိုတာကို Survey လုပ်သင့်တယ်လေ။ အခုက လေကြောင်း လိုင်းကလည်းရှိနေတော့လေ။ အပြန်အလှန်ပေးမှ သဘာဝကျမှာပေမယ့် မြန်မာတွေကို ဗီဇာဖြေလျော့ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်းမှာလိုပဲ တစ်ဘက်ကို ဆယ့်ငါးနှစ်လောက် တစ်ဖက်သက်ပေးပြီးတော့မှ မြန်မာကို ပြန်ပေးရင် မြန်မာဘက်ကလည်း စီးပွားရေးတိုး တက်လာရင် ဟိုဘက်ကို ပြန်ဝင်ရင်တော့ ဂျပန်တို့ဘာတို့ဘက်က မမှုတော့ဘူးပေါ့။ ဗီဇာကတော့ဖြေလျော့ပေးတာကတော့ ကောင်းတာပေါ့။ ကြိုဆိုပါတယ်”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဓူဝံ မီဒီယာကို ပြောပါတယ်။

၂၀၁၇ဘခုနှစ်အတွင်းမှာ မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်သည် ၃ ဒသမ ၄ သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၈ မှာတော့ ဧပြီလကုန်အထိ ၁ ဒသမ ၂ သန်း ၀င်ရောက်ထားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD