AD
AD
AD
play

 

ခရီးသွားပြည်သူတွေ သင်္ကြန်ပွဲတော်ကို ထူးထူးခြားခြားဆင်နွှဲနိုင်ဖို့ ရန်ကုန်- ရေလယ်ကျောက်တန်းဘုရားဖူး ရေကြောင်းခရီးစဉ်ကို ပြေးဆွဲသွားမယ်လို့ Yangon Water Bus ကနေ သိရပါတယ်။

ဒီခရီးစဉ်ကို သင်္ကြန်အကြိုနေ့ တရက်တည်းသာ ပြေးဆွဲပေးမှာဖြစ်ပြီး လိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ အရက်၊ဘီယာ ယူဆောင်ခြင်း၊ သောက်သုံးခြင်း လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ Yangon Water Bus က ကြေညာထားပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်းကနေ သင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃) ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ထွက်ခွာမှာ ဖြစ်ပြီး နေ့လည် ၁၂ နာရီမှာ သန်လျင်ကျောက်တန်းကို ရောက်ရှိမှာ ဖြစ်ကာ နေ့လည် ၂ နာရီမှာ ရေလယ်ကျောက်တန်းကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

play

 

လိုက်ပါစီးနင်းလိုတဲ့ ခရီးသည်တွေအနေနဲ့ တစ်ဦးကို ၆၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ရေသန့်၊ ကော်ဖီ ၊ Lunch Box တို့နဲ့ ဧည့်ခံသွားမှာဖြစ်ပြီး ထိခိုက်မှုအာမခံလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွက် လက်မှတ်တွေကို  ဖုန်းနံပါတ်၊ ဖေ့ဘုတ်ပေ့ခ်ျ (Yangon Water Bus) တစ်ဆင့် ၀ယ်ယူနိုင်ပြီး ကြိုတင်ဝယ်ယူလိုသူတွေ အနေနဲ့လည်း သဘောင်္မထွက်ခင် တစ်နာရီ အလိုဗိုလ်တထောင်ဆိပ်ကမ်းမှာ လာရောက်ဝယ်ယူ နိုင်တယ်လို့ သိရပါတယ်။

Photos : Yangon Water Bus

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD