အစိုးရရဲ့ ထောက်ပံ့မှုတွေလိုအပ်နေပါတယ်။

Water bus ကို နှစ်နှစ်အထိအရှုံးခံပြေးဆွဲဖို့စီစဉ်ထားတာဖြစ်တယ်လို့ CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်က Water bus တစ်နှစ်ပြည့်အခမ်းအနားမှာပြောကြားလိုက်ပါတယ်။

 

44351705_1922930741344001_966284937709748224_n.jpg 

 Water bus စနစ်က ရာနှုန်းပြည့်အောင်မြင်နေတယ်လို့ ပြောဆိုထားတာဖြစ်ပြီးတော့ အစိုးရရဲ့ ထောက်ပံ့မှုတွေလိုနေတယ်လို့လည်း အောက်တိုဘာ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့ပါတယ်။

 

 

“ ကျွန်မတို့က နှစ်နှစ်အထိအရှုံးခံပြေးဆွဲဖို့ သတ်မှတ်ထားတာပါ။ခြောက်လကျော်မှာတော့ ဆီဖိုး၊ဝန်ထမ်းစရိတ်တော့ ကိုယ့်အိတ်ထဲက မစိုက်ရတော့ဘူး။ တစ်နှစ်ပြည့်ချိန်မှာတော့ သဘောၤထိန်းသိမ်းခအထိပါ ရနေပါပြီ။ နှစ်နှစ်အထိ အရှုံးခံကာလကို ပြင်ဆင်ပြီးသားပါ။စီးနင်းသူများလာတော့ ရှေ့လျှောက်ဆက်ပြေးဆွဲဖို့အဆင်ပြေသွားပါတယ်။ ” လို့ ဒေါ်တင်တင့်လွင်ကပြောပါတယ်။

Water bus တစ်နှစ်ပြည့်အခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းတက်ရောက်ခဲ့ပေမယ့် ဝန်ကြီးချုပ်တော့ တက်ရောက်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။

 

 

  အင်းစိန်ကို ပြေးဆွဲနေတဲ့လမ်းကြောင်းမှာလည်း YRTA ကို သဘောၤဆိပ်ထိပို့ဆောင်ဖို ကမ်းလှမ်းထားပေမယ့် အကြောင်းပြန်ခြင်းမရှိသေးတာကြောင့် ကိုယ်ပိုင်ယာဉ်ငယ်တွေနဲ့ စတင်သွားမယ်လို့လည်း ဒေါ်တင့်တင့်လွင်ကပြောပါတယ်။

 

လက်ရှိမှာ ရန်ကုန် water bus စနစ်ကိုလုပ်ဆောင်တာတစ်နှစ်ပြည့်နေတဲ့အချိန်မှာ ပြည်ပသဘောၤသုံးစင်း၊ ထိုင်းနိုင်ငံကမှာယူထားတဲ့ သဘောၤသုံးစင်း၊ ပြည်တွင်းသဘောၤ ၇ စင်း၊ လူ ၄၀၀ အထိဆန့်သည့် သဘောၤ ၂ စင်း နဲ့ ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။

ရန်ကုန် Water Bus ကို စီးနင်းသူက တစ်နေ့ကို ပျမ်းမျှလေးထောင်ကနေ ခြောက်ထောင်အထိရှိနေပြိး အများပြည်သူရုံးပိတ်ရက်တွေမှာတော့ တစ်သောင်းအထိစီးနင်းမှုရှိတယ်လို့ ပြောပါတယ်။

Share

Loading Next Article...
က္က