တစ်နှစ်ပြည့်အခမ်းအနားမှာပြောပါတယ်။

Water bus လမ်းကြောင်းသစ်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊လှိုင်သာယာ၊ရွှေပြည်သာနဲ့ သန်လျင်တို့ကို ပြေးဆွဲဖို့အတွက်ကို survey စနစ်ပြီးစီးနေပြီဖြစ်ပြီတော့ တည်ဆောက်ရေးစနစ်ပဲလုပ်ဆောင်ဖို့ ကျန်တော့တယ်လို့ CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်က အောက်တိုဘာ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာပြောပါတယ်။

44351705_1922930741344001_966284937709748224_n.jpg 

 “ အင်းစိန်ဘက်ပြေးနေတဲ့အကြောင်းတွေကို တစ်ဖက်ကမ်းကို အခုတိုးချဲ့နေတယ်။ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊လှိုင်သာယာ၊ရွှေပြည်သာကိုလည်းတိုးချဲ့မယ်။သန်လျင်ဘက်အခြမ်းမှာလည်း ဝန်ထမ်းကော၊သဘောၤကော အဆင်သင့်ဖြစ်နေပါပြီ။ အခုက သန်လျင်ဘက်မှာတော့ သဲလုပ်ငန်းလုပ်နေတဲ့ ကျူးကျော်အနည်းငယ်ရှိနေတာကြောင့် နေရာလေးပေးစေချင်ပါတယ်။ငမိုးရိပ်ချောင်းတံတားကိုလည်း ဖယ်ပေးဖို့အတွက် လုပ်ဆောင်မယ်လို့လည်းပြောပါတယ်။ ” လို့ သူက ပြောပါတယ်။

 

သဘောၤတွေအနေနဲ့ အားလုံးရောက်ရှိနေတာဖြစ်ပြီးတော့ အဆင်သင့်ဖြစ်နေတယ်လို့ လည်းသူကပြောပါတယ်။ ရန်ကုန် Water bus ကိုလုပ်ဆောင်နေတာဟာ တစ်နှစ်ပြည့်ပြီဖြစ်ပြီးတော့ အရှုံးခံကာလနှစ်နှစ်သတ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Water bus စနစ်က ကတ်စနစ်နဲ့ သတ်မှတ်ထားတာဖြစ်ပြီးတော့ အင်းစိန်ဘက်ကို ပြေးဆွဲနေတဲ့လိုင်းအတွက်လည်း shuttle bus နဲ့လုပ်ဆောင်မယ်လို့လည်းပြောပါတယ်။ ရန်ကုန်ဝါးတားဘတ်စ်ကို စီးနင်းသူက တစ်နေ့ကို ပျမ်းမျှလေးထောင်ကနေ ခြောက်ထောင်အထိစီးနင်းနေပြိး အများပြည်သူရုံးပိတ်ရက်တွေမှာတော့ တစ်သောင်းအထိစီးနင်းမှုရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က