AD
AD
AD

အနောက်ဘက်ကလာတဲ့ လေအေးတွေနဲ့ ဘင်္ဂလားပင်လယ်အော်က လာတဲ့ လေနွေးတဲ့ စုဆုံမှုကြောင့် ဧပြီလ ၇ ရက်ကနေ ဧပြီလ ၁၀ ရက်အတွင်း ရန်ကုန်မြို့ အပါအ၀င် တိုင်းနဲ့ ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ “ နေ့အပူချိန်တွေ မြင့်တတ်လာရင် လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်။ ။

နွေရာသီကာလတွေမှာ မိမိတို့ဒေသမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာပြီဆိုရင် လေပြင်းတိုက်နိုင်တဲ့ အခြေအနေမျိုးတွေရှိတာကြောင့် ဒါတွေကို ကြိုတင်သတိပြုဖို့လိုပါတယ်” အဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဧပြီလ ပထမပတ်တုန်းက လည်း ရန်ကုန်၊ နေပြည်တော်အပါအ၀င် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု တွေ ဖြစ်မယ်လို့ မိုးဇလဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်အပါအ၀င် မြို့နယ်အများစုမှာ မိုးရွာတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD