AD
AD
AD

မြန်မာနိုင်ငံက မြို့ ၄ မြို့မှာ မြစ်ရေ မြစ်တက်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်နေ့က နေ ၁၀ ရက်နေ့အထိ မိုးလေ၀သမြစ်ရေသတိပေးချက်အနေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

play

 

အမြင့်ဆုံးရေမှတ်က မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ၅ ပေ ၆ အထိမြင့်တက်နိုင်ပြီးတော့ မန္တလေး၊စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူနဲ့ ညောင်ဦး တို့မှာ ၃ ပေကနေ ၄ ပေ အထိ၊ ချောက်၊မင်းဘူး၊မကွေး၊အောင်လံ ၊ပြည်၊ဆိပ်သာ၊ဟသာင်္တနဲ့ဇလွန်တို့မှာ ၁ ပေကနေ ၂ ပေအထိမြင့်တက်လာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

“ ပြီးခဲ့တဲ့ ဇန်န၀ါရီ၊ဖေဖော်ဝါရီ၊မတ်က ရေနည်းကာလတွေဖြစ်တယ်။ ဇွန်လအတွင်းလောက်မှာ မုတ်သုံစ၀င်တော့ မြစ်ရေက မြင့်တက်လာပြီ။မြစ်ရေမြစ်တက်လာမှာကြောင့် အပူချိန်မြင့်တက်တာကြောင့် ရေခဲတောင်တွေအရေပျော်လာတာကနေ မြစ်ရေမြင့်တက်လာနိုင်တယ်။ စိုးရိမ်ရေမှတ်ရောက်မရောက်က မိုးလယ်လောက်မှာ ရှိပါတယ်။ ’’ မိုးလေ၀သ နဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။


အဲ့ဒီ ၄၂ မြို့နယ်ထဲမှာတော့ အမြင့်ဆုံးရောက်ရှိနိုင်မယ့် မိုးရေချိန်အမှတ်တော့ မရှိသေးပေမယ့် ကလေး မြို့နယ်မှာ မိုးရွာတဲ့အနေအထားအရ မိုးရေချိန်အမှတ်ကျော်နိုင်မယ့်ပုံစံရှိတယ်လို့ သိရပါတယ်။

မြစ်ရေပြန်လည်ငြမ့်တက်နိုင်တာကြောင့် မြစ်ကြောင်းအတွင်း တောင်ယာစိုက်ပျိုးနေသူတွေအနေနဲ့ သတင်းများကို အစဉ်မပြတ်လေ့လာကြည့်ရှုသင့်ပြီး စိုက်ပျိုးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD