Local News: မြန်မာနိုင်ငံမှာ ကလေးတီဘီဖြစ်ပွားနှုန်း WHO သတ်မှတ်ချက်ထက် ကျော်လွန်နေ

ကလေးတွေကို လူကြီးကနေ ကူးစက်တာ ဖြစ်တယ်။

play

 

 မြန်မာနိုင်ငံမှာ ၁၅ နှစ် အောက် ကလေးတွေ တီဘီရောဂါဖြစ်ပွားနှုန်းဟာ ၂၅ ရာခိုင်နှုန်းရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်ထက် ဖြစ်ပွားနှုန်း ပိုမိုများပြားနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်နိုင်ငံချင်းစီအလိုက် ကလေးတီဘီရောဂါကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြား သတ်မှတ်ထားပေမဲ့ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းအထိရှိနေတာ ဖြစ်ပါတယ်။

အဓိက ကလေးတွေကို ဖြစ်စေတာဟာ လူကြီးကနေ ကူးစက်တာဖြစ်ပြီး ကလေးချင်း တီဘီကူးဖို့ အင်မတန်ခဲယဉ်းတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောထားပါတယ်။ လူကြီးမှာ သလိပ်ပိုးတွေရှိနေတာကြောင့် ချောင်းဆိုးရာကနေ ကလေးတွေကို ကူးစက်တာဖြစ်ပြီး လူကြီးတီဘီတွေကို စောစောစီးစီးရှာကာ မြန်မြန်ပျောက်အောင်ကုမယ်ဆိုရင် ကလေးတီဘီတွေ ကျဆင်းလာမှာဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

ကလေးတီဘီရောဂါကို လသားအရွယ်မှစကာ ဖြစ်ပွားနေပြီး  (၅)နှစ်အောက် ကလေးငယ်တွေမှာ ပိုမို အဖြစ်များနေတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ