AD
AD
AD
play

 

မောင်တောမြို့နယ်မှာ သဝင်ချောင်း ရဲကင်းစခန်းမှာ တပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦးဆီကနေ ကျပ်ငါးဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ မေလ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်ကုန်းတန်းကျေးရွာမှာနေတဲ့ အောင်သန်းဌေးဆိုသူနဲ့ တပ်သားအောင်ကျော်နို်င်တို့ထံကနေ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၅၀၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး အောင်သန်းဌေး မိခင်နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာမှာ နေအိမ်အပေါ်ထပ်အိမ်ခန်းထဲမှာ အ၀ါရောင် ဆာလာအိတ်ရှစ်အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါအိတ်တွေထဲကနေ ကျပ်သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၆ သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၁၇၈၅၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်သား အောင်ကျော်နိုင်၊ အောင်သန်းဌေးနဲ့ ဒေါ်ကျင်စိန်တို့ကို စေတီပြင်နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၁ ကနေ ၂၀၁၈ မေလ ၁ ရက်အထိ ကျပ် ၁၈၃ ဘီလီယံကျော် တန်ဖိုး ရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားတယ်လို့  အစိုးရသတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD