မီးသွေးအိတ်တွေထဲကဖမ်းမိတာပါ။

ဘူးသီးတောင်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့ဟာ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ ရွာမကျေးရွာသွားလမ်းမှာ မောင်းနေတဲ့ ဟိုင်းလတ်ကားကို စစ်ဆေးရာကနေမူးယစ်ဆေးပြား ၂.၈ သန်းကျော်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

 

Photo - ရဲဇာနည်



ဖြစ်စဉ်ကတော့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ရဲမှူး ကျော်သူဝင်း ဦးစီးအဖွဲ့ဟာသတင်းအရ ဘူးသီးတောင်မြို့ မြို့မရပ်ကွက်မှ ရွာမကျေးရွာသွား ကားလမ်းမဘေး မီးသွေးအိတ်တွေ တင်ဆောင်ပြီး ရပ်တန့်ထားတဲ့ ဟိုင်းလတ်ကားကို မောင်းလာသူ အသက် ၂၉ နှစ်အရွယ် မူဟာမတ်ဟာရောကိုစစ်ဆေးရာမှာ နောက်ခန်းထဲမှာ တင်လာတဲ့ မီးသွေးအိတ် ၅၅ အိတ်ထဲကနေ WY စိတ်ကြွဆေးပြား ၁,၉၁၁,၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့းီနောက် ဆက်ပြီးစစ်ဆေးရာကနေ အနောက် ရပ်ကွက်၊ ဘူးသီးတောင်မြို့နေသူ  မာမတ်အီစ္စလာမ်ရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့် မာမတ်အီစ္စလာမ်၏ နေအိမ်ကို  ဝင်ရောက်ရှာဖွေမှာ နေအိမ်ထဲက မီးသွေး ၁၃ အိတ်အတွင်းကနေ WY စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြားကိုထပ်ပြီးသိမ်းဆည်းရခဲ့ပါတယ်။

ဒါကြောင့် စုစုပေါင်း WY စိတ်ကြွဆေးပြား ၂,၈၈၆,၀၀၀ ပြား ဖမ်းမိခဲ့ပြီး ၁ ပြားကို ၂၀၀၀ ကျပ် နှုန်းနဲ့ တန်ဖိုး ကျပ် ၅၇,၇၂၀ သိန်း တို့အား သိမ်းဆီးရမိခဲ့ပြီး မူဟာမတ်ဟာရော (ဖမ်းမိ)အား မမစ(ဘူးသီးတောင်)မယ(ပ) ၁၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ လည်းကောင်း၊ မာမတ်အစ္စလာမ်(ဖမ်းမိ)အား မယ(ပ) ၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)နဲ့ လည်းကောင်း အမှုရေးဖွင့်ဆောင်ရွက်ခဲ့ရာနောက်ထပ် ကွင်းဆက်တရားခံ(၄)ဦးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

 မူဟာမက်ဟာ ရောမောင်းနှင်သည့် မသင်္ကာဖွယ်မီးသွေးအိတ်များ တင်ဆောင်ကာရပ်တန့်ထားသော ဟိုင်းလတ်မော် တော်ယာဉ်အားစစ်ဆေးရာ မီးသွေးအိတ် (၅၅) အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၁၁,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ၏ပိုင်ရှင်ဖြစ်သူ ဘူးသီးတောင်မြို့၊ အနောက်ရပ်ကွက်နေ မာမက်အီစ္စလာမ် ၏ နေအိမ်အားဆက်လက် ရှာဖွေရာ နေအိမ်အောက်ရှိ မီးသွေးအိတ်( ၁၃ )အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြား နှင့် မြန်မာငွေ ၃၀၀,၀၀၀ ကျပ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မူဟာမက်ဟာရော(၂၉) နှစ် နှင့် မာမက်အီစ္စလာမ် (၄၀)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Share

Loading Next Article...
က္က