စက်တင်ဘာလ (၁) ရက်နေ့ ကနေ (၃) ရက်နေ့ အထိ တပ်မတော်ခန်းမမှာ ကျင်းပသွားမယ့် Yangon ICT Expo 2017 ပွဲ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

play
Photo: MCPA Facebook

 

Yangon ICT Expo 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်နာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့မှ  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ကြီးမှူးကျင်းပနေတဲ့ ယခုပြပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ အစ္စရေးသံအမတ်ကြီး Mr. Daniel Zonshine နဲ့  မြန်မာနိုင်ငံကွန်ပျူတာအသင်းများမှ အလုပ်အမှုဆောင်များ၊ အခြားအသင်းအဖွဲ့များမှ တာဝန်ရှိဆရာ၊ ဆရာမများမှ တက်ရောက်ခဲ့ကြပါတယ်။

play
Photo: MCPA Facebook

 

Mobile နဲ့ IT ကဏ္ဍတိုးတက်ဖွံ့ ဖြိုးရေးအတွက် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ကျင်းပလိုက်တဲ့ ဒီပွဲမှာ နာမည်ကြီး နည်းပညာကုမ္ပဏီပေါင်း ၃၀ ကျော်မှ အထူးပရိုမိုးရှင်းအဖြစ် ထုတ်ကုန်သစ်များ ၊ကွန်ပျူတာ ၊ မိုဘိုင်းနှင့် ဆက်စပ်ပစ္စည်းများ ၊ အသုံးချဆော့ဖ်ဝဲလ်များ ၊ မိတ္တူကူးစက်များ ၊ FTTx လိုမျိုး အင်တာနက် ဝန်ဆောင်မှုများ ကို ဒစ်စကောင့်အမျိုးမျိုး ချပေးသွားမှာ ဖြစ်တဲ့အပြင်  အမှတ်တရ လက်ဆောင်များ ပေးခြင်း ၊ ဖုန်းငွေဖြည့်ကတ် မဲနှိုက်ပေးခြင်းများ ပါ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

Yangon ICT Expo 2017 ပွဲမှာ ကုမ္ပဏီပေါင်း ၅၁ ခုမှ ပြခန်းပေါင်း ၁၃၉ ခန်း ခင်းကျင်းပြသ ရောင်းချသွားမှာ ဖြစ်ပါတယ်။  ဒါ့အပြင် ပြပွဲလာ ပရိတ်သတ်များအတွက် startup ကုမ္ပဏီ မိတ်ဆက်ပွဲ ၊ ICT အမေးအဖြေပြိုင်ပွဲများ ၊ နည်းပညာဆိုင်ရာ ဟောပြောမှုများ နဲ့ ဂိမ်းကစားပွဲတော်များကိုလည်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

play

 

Yangon ICT Expo 2017 ပွဲဟာ ဒီနှစ်အတွင်း MCPA မှ ဒုတိယအကြိမ် ကြီးမှူး ကျင်းပလိုက်တဲ့ နည်းပညာကုန်စည် အရောင်းပြပွဲတော်ဖြစ်ပြီး ပြပွဲကို မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video