AD
AD
AD

စက်တင်ဘာလ ၁ ရက်ကနေ ၃ ရက်နေ့ အထိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ Yangon ICT Expo 2017 ပွဲမှာ နည်းပညာပစ္စည်းမျိုးစုံကို အထူးဈေးနှုန်းများအပြင် အရစ်ကျစနစ်များနဲ့ ပါ ဝယ်ယူနိုင်အောင် ဝန်ဆောင်မှုများ ပေးခဲ့တာကြောင့် စိတ်ဝင်စားသူများခဲ့တယ်လို့ သိရပါတယ်။

play

 

ယခုနှစ် ပြပွဲရဲ့ ထူးခြားချက်ကတော့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ ၊ စမတ်ဖုန်ုးများနဲ့ အီလက်ထရောနစ် ထုတ်ကုန်များအပြင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခင်က Yangon ICT Fair နာမည်နဲ့ ကျင်းပခဲ့ပေမယ့် နည်းပညာအရောင်းပြခန်းတင်မက နည်းပညာပိုင်း အတွေ့ အကြုံ ဗဟုသုတဖလှယ်ဖို့ ပါ စီစဉ်ခဲ့တာကြောင့် ပိုပြီး စည်ကားခဲ့တာ ဖြစ်ပါတယ်။

 

Yangon ICT Expo 2017 မှာ နာမည်ကြီး ကုမ္ပဏီပေါင်း ၅၁ ခုမှ ပြခန်းပေါင်း ၁၃၉ ခန်း ခင်းကျင်းပြသခဲ့ပြီး ကွန်ပျူတာအပိုပစ္စည်းများ ၊ ဂိမ်းနဲ့ ဆက်စပ်ပစ္စည်းများ ၊ နားကြပ် ၊ ပရင့်တာ နဲ့ တစ်ခြား ရုံးသုံးနည်းပညာပစ္စည်းများကို brand အစုံအလင်နဲ့ ချခင်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

play

 

ယခုပွဲမှာ အထူးအစီအစဉ်အဖြစ် တပ်မတော်ခန်းမ မြက်ခင်းပြင်မှာ Tent တစ်ခုထိုးပြီး နာမည်ကျော် ဘလော့ဂါများ ၊ နည်းပညာရှင်များမှ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ၊ ဂိမ်းအစီအစဉ်များနဲ့ သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD