ရန်ကုန်မြို့ တွင်း ဘတ်စ်ကား ၊ သဘောင်္နဲ့ မီးရထား စတဲ့ အများပြည်သူ ခရီးသွားလာရေးအတွက် ငွေပေးငွေချေစနစ်သစ်ဖြစ်တဲ့ Yangon Payment Services (YPS) အတွက် ဒုတိယအဆင့် တင်ဒါအောင်မြင်သူသည့် ကုမ္ပဏီများကို ကြေငြာခဲ့ရာမှာ ကုမ္ပဏီ ၁၄ ခု တင်ဒါအောင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒုတိယအဆင့် Request for Proposal Type (A) Turnkey Solution အတွက် ကုမ္ပဏီ ၁၄ ခုတင်သွင်းခဲ့ပြီး တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီ ၇ ခုကတော့ Asia Starmar Transport Intelligent Co.,Ltd ၊ Solution Hub Co.,Ltd ၊ Trusty Family Co.,Ltd ၊ Be One Technical Co., Ltd & Construction, Excel KC Myanmar Co.,Ltd ၊ Capital Connect Limited, Any Pay Payment Services Co.,Ltd တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Type (B) Existing Back-End Solution အတွက် ကုမ္ပဏီ ၁၀ ခု တင်သွင်းခဲ့ရာမှာ Solutions Hub Co.,Ltd , Creation (Myanmar )Co.,Ltd , Skylark (Consortium) Fintech Myanmar , ABC Telecomm Co.,Ltd , Any Pay Payment Services Co.,Ltd နဲ့ Trust Link Co.,Ltd တို့ မှ ဒုတိယအဆင့် တင်ဒါအောင်သွားခဲ့ပါတယ်။

play

 

RFP Type (A) အတွက် တင်ဒါအင်တာဗျူးကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ မှာ ပြုလုပ်မှာ ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများကို အချိန်ဇယားနဲ့ နေရာအသေးစိတ် အတိအကျ သီးသန့် အကြောင်းကြားမှာပါ။ RFP Type (B) အတွက်ကိုတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ မှာ သက်ဆိုင်ရာ ကုမ္ပဏီများကို အချိန်နဲ့ နေရာအတိအကျ သီးခြားစီကြေငြာသွားမယ်ဆိုပြီး YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video