AD
AD
AD
play

 

Yangon Water Bus ကို လမယ့်အောက်တိုဘာလအတွင်း စတင်ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။ Yangon Water Bus စတင်ပြေးဆွဲနိုင်ဖို့အတွက် ရေယာဉ်တွေအဆင့်သင့်ဖြစ်နေပြီး ဆိပ်ခံတွေကလည်း တည်ဆောက်ပြီးစီးနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က Yangon Water Bus မြစ်ကြောင်းခရီးစဉ် စမ်းသပ်မောင်းနှင်မှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်ပါစီးနင်းခဲ့ကြပါတယ်။

play

 

စတင်ပြေးဆွဲမယ့် Yangon Water Bus ခရီးစဉ်အနေနဲ့ ရန်ကုန်-အင်းစိန်-လှိုင်သာယာ ခရီးစဉ်ကို ပထမဦးဆုံးစတင်ပြေးဆွဲသွားမယ်လို့ 
သိရပြီး ရန်ကုန်-သန်လျင်ဘက်ခရီးစဉ်နဲ့ ဒဂုံမြို့သစ်-ဗိုလ်ထထောင်ခရီးစဉ်တို့ကိုလည်း ဆက်လက်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

 

Yangon Water Bus ခရီးစဉ်တွေကို လက်မှတ်စနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကတ်စနစ်ကို ပြောင်းလဲ ဆောင်ရွက်သွားမယ်လို့ သိရပြီး ခရီးစဉ်တစ်ကြောင်းကို ကျပ် ၅၀၀ သတ်မှတ်ထားတယ်လို့ တင့်တင့်မြန်မာကုမ္ပဏီမှ သိရပါတယ်။

Source & Photos : Yangon Water Bus

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD