ခရီးစဉ်အသစ်တွေကိုလည်း တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Yangon Water Bus ရဲ့ ခရီးစဉ်လမ်းကြောင်း နဲ့ ရာသီဥတုအခြေအနေကို viber ကနေတစ်ဆင့်ဖော်ပြဖို့အတွက် အောက်တိုဘာ ၁၂ ရက်နေ့မှာမိတ်ဆက်ခဲ့ပါတယ်။

 


ိနါမ.jpg 

ခရီးစဉ်လမ်းကြောင်းတွေ၊ ပိတ်ရက်ခရီးစဉ်တွေ၊ ခရီးစဉ်လမ်းကြောင်းအသစ်တွေနဲ့ သတင်းအချက်အလက်တွေကို community ကနေတစ်ဆင့်ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“  အခုလိုမျိုး ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွက် တိုးတက်ပြောင်းလဲမှုတွေဖြစ်လာစေဖို့ ဆောင်ရွက်နေတဲ့နေရာမှာ အထူးသဖြင့် ပြည်သူတွေက  ရေလမ်း ခရီးသွားလာရေးစနစ်ကို အသုံးပြုတဲ့နေရာမှာ အတွေ့အကြုံကောင်းတွေရရှိပြီး သူတို့ရဲ့နေ့စဉ်ဘဝ သွားလာ လှုပ်ရှားမှုအတွက် ရေကြောင်းလမ်းအခြေပြုဝန်ဆောင်မှုကို ပိုပြီးအသုံးပြုလာကြစေရေးအားထုတ်မှုမှာ Viberအနေနဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ် ” လို့ Viber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ Head of Business ဖြစ်သူ Mr.Anubhav Nayyar က ပြောပါတယ်။

ရန်ကုန် water bus ၁၁ စီးရှိပြီဖြစ်ပြီးတော့ တစ်စီးကို တစ်နေ့ကို ၁၂ ကြိမ်အထိ ဆိပ်ကမ်း ၁၁ ခုကို ပြေးဆွဲနေတာဖြစ်ပြီးတော့  ခရီးစဉ်အသစ်တွေကိုလည်း တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က