AD
AD
AD
play

 

ငွေကျပ် တစ်ထောင်တန်ကို ဖြဲပြီး YBS စီးတဲ့သူကို စီစီတီဗွီမှတ်တမ်းတွေကနေ ဖော်ထုတ်ပြီး နိုင်ငံတော်ငွေကြေး ဖျက်ဆီးမှုနဲ့ တရားစွဲဆိုသွားမယ်လို့ YUPT ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောပါတယ်။

ရန်ကုန်မြို့က YBS ယာဉ်တွေမှာ ငွေပုံးစနစ်နဲ့ ယာဉ်စီးခကောက်ခံလိုက်တာကြောင့် ခရီးသည်တချို့က ယာဉ်စီးခ ပုံမှန်မထည့်တာတွေနဲ့ ငွေစက္ကူတွေ ထက်ပိုင်းဖြဲပြီး ပေးတာတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

 

ဒီလိုဖြစ်စဉ်တွေဖြစ်နေတာကြောင့် ယာဉ်ပိုင်ရှင်တွေရဲ့ ဝင်ငွေ သိသိသာသာ လျော့ကျလာပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် YUPT ကုမ္ပဏီအနေနဲ့ ငွေကျပ် တထောင်တန်ဖြဲပြီး နေ့စဉ်လိုလို ယာဉ်စီးခပေးတဲ့သူကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

ယာဉ်စီးခ မထည့်ချင်တဲ့ ခရီးသွားပြည်သူတွေကြောင့် ကုမ္ပဏီတွေ အရှုံးပေါ်ပေါက်လာရင် ကားသစ်တွေကို လက်ရှိ ဝယ်ယူထားသလောက်ပဲ စီးရမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့သာ ပြေးဆွဲတာတွေ ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YUPT) ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောပါတယ်။

Source & Photos : DVB

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD