ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းကုမ္ပဏီတွေအနေနဲ့ အများပိုင်စနစ်နဲ့ ပြောင်းလဲပြေးဆွဲခြင်းမရှိရင် ယာဉ်လိုင်းကုမ္ပဏီ အဖြစ်ကနေ ဖျက်သိမ်းသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ထံကနေ သိရပါတယ်။

“အများပိုင်စနစ်မဖော်ဆောင်လို့မရတော့ဘူး။ ဒီစနစ်ကျင့်သုံးတဲ့ကုမ္ပဏီပဲ ထားမယ်။ ဒါကြောင့်အများပိုင်ကုမ္ပဏီပြန်ဖွဲ့စည်းမယ်။ ကုမ္ပဏီငါးခုလောက်နဲ့လည်ပတ် လို့ရအောင်ဆောင်ရွက်မယ်”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

play

 

ခရီးသည်တွေကို ဝန်ဆောင်မှုအပြည့်အဝပေးဖို့၊ သက်တောင့်သက်သာ စီးနင်းနိုင်တဲ့ ယာဉ်တွေနဲ့ ပြေးဆွဲဖို့နဲ့ ကိုယ်ရကိုယ်ယူစနစ် မကျင့်သုံးရဆိုတဲ့ စည်းကမ်းချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို ဖျက်သိမ်းမှာဖြစ်ကာ ဒီနှစ်မကုန်ခင်အထိ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်တဲ့ ကုမ္ပဏီကို ယာဉ်လိုင်းကုမ္ပဏီအဖြစ်ကနေ ဖျက်သိမ်းမှာဖြစ်တယ်လို့ စက်တင်ဘာလ ၁၅ ရက်၊ YRTA ရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ YBS ရှစ်လပြည့်ပွဲမှာ တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၉၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်ထဲမှာ စစ်တမ်းကောက်ယူချက်အရ တစ်ဦးတည်းပိုင်ယာဉ်စီးရေ ၁၀ဝ၀ ကျော်ပါဝင်နေတယ်လို့  YRTA ကနေ သိရပါတယ်။

Source : The Voice

Photos : YBS 20

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video