AD
AD
AD
play

 

တိုက်ကြီး- မှော်ဘီလမ်းကြောင်းအတိုင်း ရန်ကုန်မြို့တွင်းကို ပြေးဆွဲနေတဲ့ ဝိုင်ဘီအက်စ်အမှတ်​ ၅၅ ယာဉ်​လိုင်းက အရှုံးပေါ်​နေလို့ ပြန်လည်​အပ်​နှံဖို့ အဆိုပါယာဉ်​လိုင်းကုမ္ပဏီ တာဝန်ရှိသူတွေက ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်ထံ တင်ပြထားတယ်လို့ စက်​တင်​ဘာ ၁၅ ရက်က သိရပါတယ်။

''ဝိုင်ဘီအက်စ် ၅၅ ယာဉ်​လိုင်းကတစ်လကို ကျပ်သိန်း ၁၂ဝ ​လောက်​အရှုံး​ပေါ်​နေတယ်​ဆိုပြီး ပြန်​အပ်​ဖို့ ဝန်​ကြီးချုပ်​ကိုတင်​ပြခဲ့တယ်​။ ဝန်ကြီးချုပ်​ကပြန်​အပ်​မယ်​ဆိုရင်​လည်း စာရင်းဇယား​တွေ ​သေချာရှင်းလင်းပြီးမှ လုပ်​လို့​ပြောခဲ့တယ်''လို့ အဆိုပါ အစည်းအ​ဝေး တက်​​ရောက်​ခဲ့တဲ့ ကုမ္ပဏီယာဉ်​လိုင်း တာဝန်​ရှိသူတစ်ဦးက စက်​တင်​ဘာ ၁၆ ရက်​မှာ ပြောကြားခဲ့ပါတယ်။

 

ဝိုင်ဘီအက်စ်စနစ် စတင်အကောင်အထည်ဖော်ခဲ့တဲ့  ​ရှစ်​လကျော်သက်တမ်းအတွင်း တချို့ယာဉ်​လိုင်းတွေက ခရီးသည်​ရရှိမှုနည်းပါးခြင်း၊ ယာဉ်​စီးခအပြည့်​အဝ မရရှိခြင်းတို့​ကြောင့် အရှုံး​ပေါ်နေရပြီး ရေ​ရှည်​ရပ်​တည်နိုင်​ဖို့ အခက်အ​ခဲတွေ ကြုံ​တွေ့နေရ​တယ်လို့ သိရပါတယ်။

အခုလို ပြန်အပ်ဖို့တောင်းဆိုခဲ့တဲ့ YBS ၅၅ ယာဉ်လိုင်းက တိုက်ကြီးသားအများပိုင်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင် ၇ ရက်က ခရီးသည်တင်ယာဉ် YBS (၃၇) နဲ့  ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ တစ်ရက်တည်းမှာ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်းဆယ်ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပြီး YBSသက်တမ်းခြောက်လအတွင်းမှာ အဆိုးရွားဆုံး ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။

Source : Myanmar Times

Photo : YBS 55

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD