play

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေထဲက Power Eleven ကုမ္ပဏီအုပ်ချုပ်မှုအောက်ရှိ YBS ၂၁ ယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်း ၃၀ ကို နှစ်ပတ်အတွင်း ခန့်အပ်ဖို့လျှောက်လွှာ ခေါ်ယူထားတယ်လို့ အဆိုပါကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးတရုတ်လေးက ပြောပါတယ်။

ဒီလိုခေါ်ယူရာမှာ ယာဉ်မောင်း လိုင်စင်သက်တမ်း သုံးနှစ်ရှိသူတွေ လျှောက်ထားနိုင်သလို ယာဉ်မောင်းအတွေ့အကြုံမရှိသူတွေလည်း ဒီနေ့ကနေစပြီး နှစ်ပတ်အတွင်း လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

“အမျိုးသမီးလျှောက်လွှာတွေ လက်ခံနေတယ်။ အမျိုးသမီးတွေ အလုပ်အကိုင်ရစေဖို့နဲ့ ဝန်ဆောင်မှုပေးနိုင်မယ်လို့ ယူဆထားတဲ့အတွက် ခန့်အပ်သွားမှာပါ။ ခန့်လိုက်ပြီဆိုတာ နဲ့ယာဉ်မောင်းသင်တန်း နှစ်လပို့ချမယ်။ သင်တန်းပြီးတာနဲ့ ၂၁ယာဉ်လိုင်းမှာ မောင်းရတော့မှာပါ”လို့ ကိုတရုတ်လေးက ပြောပါတယ်။

play

 

 Power Eleven ကုမ္ပဏီလက်အောက်ရှိYBS ၂၁ ယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်းတစ်ဦး ခန့်အပ်ထားပြီး လက်ရှိအချိန်မှာတော့ ယာဉ်မောင်း ၈၁ ဦးနဲ့ ယာဉ်စီးရေ ၁၀ဝ ကျော်ကို ဆူးလေ၊ အင်းစိန်၊ တညင်းကုန်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခရီးစဉ်ကို ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

 

ယာဉ်မောင်းအလုပ်အကိုင် လျောက်ထားလိုသူတွေအနေနဲ့ လိုင်စင်ဓာတ်ပုံ၃ ပုံ၊ မှတ်ပုံတင်သန်းခေါင်စာရင်း မိတ္တူ ၃ စုံ၊ ရပ်ကွက်နေထိုင်ကြောင်းနဲ့ ရဲစခန်းပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ မူရင်းတွေနဲ့အတူ အမှတ်၂၄၅၊ တော်ဝင်လမ်း၊ ၇ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်မှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

Source : The Voice

Photos : Ko Tayouke Layy

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video