AD
AD
AD
play

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS တွေမှာ ငွေပေးကတ်စတစ် (YPS) လုပ်ကိုင်ဖို့ Excel KC Myanmar ကုမ္ပဏီ ကို ရွေးချယ်ခဲ့တယ်လို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရတင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။

ငွေပေးကတ်စနစ်အတွက် ကတ်စနစ်လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတွေကို ၂၀၁၇ အောက်တိုဘာလမှာ စတင်ဖိတ်ခေါ်ခဲ့ပြီး တင်ဒါ အဆင့်ဆင့် စိစစ်ရွေးချယ်ပြီးနောက် Excel KC Myanmar ကုမ္ပဏီ ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

တင်ဒါယှဉ်ပြိုင်မှုနောက်ဆုံးအဆင့်မှာ Any Pay Payment Services ကုမ္ပဏီ၊ Excel KC Myanmar  ကုမ္ပဏီနဲ့ Asia Starmark Transport Intellige-nt ကုမ္ပဏီတို့ကို  ယှဉ်ပြိုင်စေပြီးနောက် Excel KC Myanmar  ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘အခုရွေးချယ်လိုက်တဲ့ ကုမ္ပဏီကလည်း ကျွန်တော်တို့သိထားသလောက် ပြည်တွင်း ကုမ္ပဏီ တစ်ခုပါပဲ။ လုပ်ကိုင်ခွင့်ရသွားတဲ့ ကုမ္ပဏီအတွက်လည်း ဂုဏ်ပြုပါတယ်။ တင်ဒါရွေးချယ်မှုအပေါ် ပြောစရာမရှိပါဘူး’’လို့ နောက်ဆုံးအဆင့် တင်ဒါဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ Any Pay Payment ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

YBS ဘတ်စ်ကား ငွေပေးကတ်စနစ်အတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို  ၂၀၁၇ ဒီဇင်ဘာလအတွင်း အပြီးရွေးချယ်ပြီး ၂၀၁၈ ဇန်နဝါရီမှာ စတင်အကောင် အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရည်ရွယ်ထားပေမယ့် လုပ်ငန်းစတင်မယ့်အချိန်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD