AD
AD
AD
play

 

ရွှေပြည်သာကနေ လှိုင်သာယာနည်းပညာတက္ကသိုလ်ဘက်ကို ပြေးဆွဲနေတဲ့ YBS အမှတ် (၆၈) ဂိတ်က ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှာ ယာဉ်မောင်းအမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးမှု မတ်လ ၁၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာ နေထိုင်တဲ့ ဦးစောလှသိန်းက မတ်လ ၁၄ ရက်နေ့ မနက် ၆ နာရီ အချိန်လောက်က ခေါင်းမူးတယ်ဆိုပြီး ကားပေါ်မှာ အိပ်နေတုန်း ကားထွက်ချိန်မှာ ယာဉ်နောက်လိုက်က သွားရောက်နှိုးတဲ့အချိန်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသူက အရက်ဖြတ်ထားတာ သုံးရက်လောက်ရှိနေပြီဖြစ်ပြီး သေတိုးရောဂါကြောင့်သေဆုံးတယ်လို့ ယူဆရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးမှာ စစ်ဆေးနေပြီး လှော်ကားနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD