AD
AD
AD
play

 

ယခုနှစ် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ရန်ကုန်မြို့ကနေ အနယ်နယ်အရပ်ရပ်ကို ပြန်ကြမယ့် ခရီးသွားပြည်သူတွေအတွက် အဝေးပြေးယာဉ်တွေ မလုံလောက်ရင် YBS ယာဉ်တွေကိုပါ အစားထိုးပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

ဒီနှစ်မှာလည်း အရင်နှစ် သင်္ကြန်ကာလတွေကလို အဝေးပြေးကားလက်မှတ်များကို ဈေးတက်မရောင်းဖို့ YRTA မှ ညွှန်ကြားထားပြီး ဈေးတက်ရောင်းခဲ့မယ်ဆိုရင် ခရီးသွားပြည်သူတွေက YRTA ရဲ့ Hot Line ဖုန်းနံပါတ်တွေကတဆင့် တိုင်ကြားနိုင်တယ်လို့ YRTA ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

play

 

 

“ကားခတွေက တက်လို့မရဘူး။ မနှစ်ကလည်း ဆရာတို့ ကောက်ခံဖို့ ခွင့်မပြုခဲ့ဘူး။ နောက်ပြီးတော့ လိုအပ်ရင် YBS ကားပြေးဆွဲဖို့ အစီအစဉ်တွေရှိတယ်။ မနှစ်ကလို ကုမ္ပဏီမရှိဘဲ လိုင်းမရှိဘဲနဲ့ လမ်းလျှောက်ပွဲစားတွေ ထားတာမျိုး မလုပ်ဖို့ ပြောထားတယ်။ ဒဂုံဧရာဘက်ကိုလည်း မနှစ်ကပြေးခဲ့သလို YBS တွေ ပြေးဖို့က အဆင့်သင့်ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ပြေးဆွဲမယ့်အရေအတွက်သိမှ YBS ပြေးဆွဲမယ့်ယာဉ်ကို ပြောလို့ရမယ်"လို့ ဒေါက်တာမောင်အောင်က ဓူဝံကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့ကို အခြေပြုကာ မြန်မာနိုင်ငံအနှံ့ မြို့အသီးသီးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၄၃ လိုင်းရှိပြီး ယာဉ်အစီးရေ ၃၆၄၂ စီးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (အဝေးပြေး) ရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလတုန်းက အဝေးပြေးယာဉ်လက်မှတ်ခကိုသတ်မှတ်ခထက် ပိုမိုတောင်းခံခဲ့တဲ့ ခရီးသည်တွေကို ငွေပြန်အမ်းပေးပြီး ရောင်းချတဲ့ယာဉ်လိုင်းကို အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD