AD
AD
AD
play

 

ရန်ကုန်မြို့ထဲမှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ နှစ် ၂၀ ကျော် သက်တမ်းရှိနေတဲ့ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဧပြီလ ၁ ရက်ကနေစပြီး ပြေးဆွဲခွင့်ပိတ်ပင်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကြေညာခဲ့ပါတယ်။

မတ်လ ၂၂ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ယာဉ်လိုင်းတာဝန်ခံတွေ တွေ့ဆုံပွဲမှာ YBS ပြေးဆွဲနေတဲ့ ၉၆၊ ၉၇၊ ၉၈ ယာဉ်အို၊ ဟောင်းတွေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အပ်နှံရမှာဖြစ်ကာ ဧပြီလ ၁ ရက်မှာလည်း ပြေးဆွဲခွင့်ပိတ်မယ်လို့ အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။

"ဒီမော်ဒယ်တွေကို ပြေးဆွဲခွင့်မပေးတော့ဘူး၊ လူစီးစလစ်ထုတ်ပေးထားတယ်။ ဒီလကုန်နောက်ဆုံးပေါ့၊ လိုင်းထဲမှာလုံးဝပြေးဆွဲခွင့်မပေးတာ့ဘူး။ ဒီကားတွေကလည်း လိုင်းတော်တော်များများမှာမရှိတော့ဘူး၊ တော်တော်များများကအရည်ကြိုပြီး စလစ်တွေထုတ်ပေးထားလို့ ရောင်းတောင် ရောင်းပြီးလောက်ပြီ၊ ဒီလမှ မအပ်ရင်တော့ စလစ်ပေးတော့မှာမဟုတ်ဘူး၊ ယာဉ်ပိုင်ရှင်တွေအတွက် အခက်အခဲဒီလောက်မရှိပါဘူး"လို့ Power Eleven အများပိုင် ယာဉ်လိုင်းကုမ္ပဏီဥက္ကဋ္ဌ ဦးတရုတ်လေးက ပြောပါတယ်။

play

 

အပ်နှံဖို့ ကျန်ရှိနေတဲ့ ၉၆ ခုနစ်ကနေ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ်အို၊ယာဉ်ဟောင်းတွေကို မတ်လကုန်အပြီး မအပ်နှံနိုင်ရင် တိုင်းအစိုးရအဖွဲ့က လူစီးစလစ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ၂၀၁၇ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေတဲ့ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ် မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းမှာ အစီးရေ ၁၀၀၀ ခန့်ရှိပြီး ၃၆၀ စီးကျော်အပ်နှံကာ လူစီးစလစ်ထုတ်ယူထားကြောင်း ကညနရုံးချုပ်စာရင်းတွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD