AD
AD
AD

YBS ယာဉ်တွေမှာ ကတ်စနစ်နဲ့ ငွေပေးချေနိုင်ရန် တင်ဒါခေါ်ယူထားပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

အဆိုပါကတ်ကို ဘတ်စ်ကားစီးရုံ တင်မဟုတ်ဘဲအခြား သယ်ယူပို့ဆောင်ရေးကဏ္ဍတွေ ဖြစ်တဲ့ ရထား၊ ရေလမ်း တွေမှာပါ အသုံးပြုနိုင်တဲ့ ကတ်တွေအဖြစ် လုပ်ဆောင်မယ်လို့ သိရပါတယ်။

play


“ ကတ်စနစ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ပိုပြီး ထိန်းချုပ် ဆောင်ရွက်နိုင်မှုတွေ အားကောင်းလာမယ်။ ကတ်တိုင်းကတ်တိုင်း ဘတ်စ်ကားစီးနိုင်တယ်ဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ နောက်ဆုံးနည်းပညာရပ်ကို အသုံးပြုနိုင်ဖို့ လည်း ပြင်ဆင်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် YBS ယာဉ်လိုင်းပိုင်ရှင် တွေအနေနဲ့ တစ်ဦးတစ်ယောက်ပိုင်ကားတွေကို ကုမ္ပဏီလို ပြောင်းလဲသင့်ပြီး YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ) ၊ YBS အဖွဲ့တို့နဲ့ ပူးပေါင်း လုပ်ဆောင်စေလိုတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ယာဉ်လိုင်းတွေအနေနဲ့လည်းအများပြည်သူ  လုံခြုံစိတ်ချနိုင်ဖို့နဲ့ ပြေးဆွဲတဲ့ ယာဉ် စနစ်တကျဖြစ်စေဖို့  Yangon Bus Operator နဲ့ ချိတ်ဆက်ပြေးဆွဲသင့်ပြီး ပြသနာတစ်ခုခုဖြစ်လာရင် သက်ဆိုင်ရာ တွေအနေနဲ့ ကူညီဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တွင်း YBS ယာဉ်ပေါင်း ၅၀၀၀ ခန့်နဲ့ လှည်ပတ်ပြေးဆွဲနေပြီး ယာဉ်လိုင်းသစ်တွေကိုလည်း ထပ်မံ တိုးချဲ့ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

၊ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘက်စ်ကားများကို စီးနင်းလိုက်ပါရသူများမှာ အနည်းဆုံး ၈၅ ရာခိုင်နှုန်းရှိပြီး လူဦးရေ(၂၄)သိန်းခန့်မှာနေ့စဉ် ဘတ်စ်ကားများကိုသာ အသုံးပြုသွားလာနေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD