AD
AD
AD
play

 

နှစ်သစ်ကူးမဟာသင်္ကြန်ကာလမှာ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၆၁)လိုင်းက ယာဉ်စီးရေ (၇၆၉)စီးက သတ်မှတ် ယာဉ်စီးခနှုန်းထားနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကိုသွားလိုတဲ့ ခရီးသည်တွေအတွက် အဝေးပြေးလိုင်းတွေ ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဝေးပြေးခရီးသည်ယာဉ်လိုင်းတွေက ဧပြီလ ၈ ရက်အထိ ပုံမှန်ပြေးဆွဲသွားမှာ ဖြစ်ပြီး ဧပြီလ ၉ ရက်ကနေ ၁၆ ရက်(သင်္ကြန် အတတ်နေ့) အထိ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွေကထွက်ရှိတဲ့ ယာဉ်တွေအနေနဲ့ အလှည့်ကျ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

play

 

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းကနေ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း (၁၀) လိုင်း၊ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များ အခြေပြုယာဉ်လိုင်း(၈)လိုင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း(၄)လိုင်း၊ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များအခြေပြု ယာဉ်လိုင်း(၃)လိုင်းနဲ့ ပိတ်ရက်မရှိ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၁ ရက်ကနေ ၁၃ ရက် (သင်္ကြန်အကြိုနေ့) အထိ ရန်ကုန်-ပုသိမ်ခရီးစဉ်၊ ရန်ကုန်-လက်ပံတန်း-မင်းလှခရီးစဉ်၊ ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ရန်ကုန်-ပဲခူး-ညောင်လေးပင်- တောင်ငူ- နေပြည်တော်ခရီးစဉ်တွေကို YRTA လက်အောက်ရှိ ယာဉ်တွေနဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်) နေ့မှာတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲတဲ့ YBS ယာဉ်လိုင်းတွေနဲ့ အဝေးပြေးခရီးသည်ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD