ရန်ကုန်လေဆိပ်ကို သွားတဲ့ယာဉ်လိုင်းအပြင် YBS 20၊ 56၊ 83 ၊ 98၊ 99 တို့နဲ့ ပြေးဆွဲမှာဖြစ်ပါတယ်။

YBS ယာဉ်လိုင်းခြောက်လိုင်းကို ၂၄ နာရီပြည့် ပြေးဆွဲသွားမှာဖြစ်တယ်လို့ Omini Focus General ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးထွန်းတောက်ဝင်းက Duwun ကိုပြောပါတယ်။

35849205_1945587432138951_4182588291289186304_n.jpg 

“ အခု ခြောက်လိုင်းလုံးတော့ မဆွဲနိုင်သေးပါဘူး။ဒီလ ဒါမှမဟုတ်နောက်လ ထဲမှာတော့ဆွဲဖြစ်မှာပါ။ခြောက်ခုလုံးတော့ စမဆွဲနိုင်သေးဘူး ။တဖြည်းဖြည်းနဲ့ တစ်လိုင်းချင်းစီဆွဲမှာပါ။ရန်ကုန်ကို ပိုစည်စေချင်လို့ ဆွဲတာပါ။ ညဘက်မှာ လူတွေက ထွက်ချင်ကြတယ်လေ။ညဈေးသွားတာတွေလည်းရှိတယ်ဆိုတော့ အားလုံးကို အဆင်ပြေစေချင်လို့ပါ ” လို့ သူကပြောပါတယ်။

ယာဉ်မောင်းတွေကိုလည်း ညဘက်ပြေးဆွဲတာအတွက်သီးသန့်ခေါ်ယူပြေးဆွဲမှာဖြစ်တယ်လို့လည်း သူကေ ပြာပါတယ်။

ရန်ကုန်လေဆိပ်ကို သွားတဲ့ယာဉ်လိုင်းအပြင် YBS 20၊ 56၊ 83 ၊ 98၊ 99 တို့ကို ပြေးဆွဲပေးမှာဖြစ်ပြီးတော့ ဈေးနှုန်းကိုလည်း သင့်လျော်တဲ့နှုန်းနဲ့ သတ်မှတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

YBS 20 က ဒဂုံဧရာအဝေးပြေးကနေ -သခင်မြပန်းခြံ၊56 က သခင်မြပန်းခြံ (မြို့ပတ်) ၊ 83 မှာ ဒဂုံဧရာအဝေးပြေးကနေ အင်းဝအိမ်ရာ၊ 98 က လှိုင်သာယာကနေ ဗိုလ်တစ်ထောင်နဲ့ 99 က လှိုင်သာယာကနေ တောင်ဒဂုံခရီးစဉ်ကို ပြေးဆွဲနေတာဖြစ်ပါတယ်။

YBS စနစ်ပြောင်းလဲတာကိုတော့ တစ်နှစ်ကျော်ကြာမြင့်ခဲ့တာဖြစ်ပြီးတော့ ညဘက်တွေယာဉ်လိုင်းမပြေးဆွဲတော့တဲ့အချိန်မှာ ခရီးသွားတွေအနေနဲ့ အောက်ဆိုဒ်ကားတွေကို အသုံးပြုနေရတာကြောင့် ဒီလို အချိန်ပြည့်ပြေးဆွဲပေးမယ့်အစီအစဉ်က ပိုကောင်းလာနိုင်မယ်လို့လည်း ပြောဆိုနေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က