AD
AD
AD
play

 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကမာကြည်တံတားနားက Yangon Pan-Pacific International (YPI) အထည်ချုပ်စက်ရုံမှာ ဒီနေ့ (ဒီဇင်ဘာ ၁၂ ရက် ) မနက် ၄ နာရီ ၄၅ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီမီးလောင်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 3 မီးသတ်ယာဉ်အုပ်စုနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး  ၆ နာရီခွဲလောက်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၈ နာရီ ၃၀ မှာတော့ မီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

play

မီးလောင်တဲ့နေရာကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် (၈) စီး၊ အထောက်အကူပြုယာဉ်(၁၀) စီး၊ စက်တင်ယာဉ် ၁ စီးတို့နဲ့ မီးသတ်ဝန်ထမ်း ၅၀၀ နီးပါးတို့က မီးငြိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး စက်ရုံအထွေထွေမန်နေဂျာ ဦးမင်းဟန်(၃၄ နှစ်)ကို သုဝဏ္ဏ နယ်မြေရဲစခန်းက(ပ)၇၃၆/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Source & Photos : MSFD

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD