Local: လုပ်ပွဲကစားတယ်လို့ တိုင်ခံထားရတဲ့ ဧရာဝတီအသင်း

စုံစမ်းစစ်ဆေးလို့ ကစားခဲ့တယ်ဆိုရင် အရေးယူသွားမှာ ဖြစ်ပါတယ်။

play

 

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းဟာ လုပ်ပွဲကစားတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက အသိပေးတိုင်ကြားထားကြောင်း သိရပါတယ်။ ဧရာဝတီကစားသမားအချို့ဟာ အသင်းတာဝန်ရှိသူတစ်ဦးရဲ့ စီစဉ်မှုနဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲအချို့၊ ၂၀၁၆ အေအက်ဖ်စီ အုပ်စုဖလားပွဲစဉ်အချို့မှာ လုပ်ပွဲကစားခဲ့တယ်လို့ တိုင်ကြားခံထားရတာ ဖြစ်ကြောင်း ပြည်တွင်းသတင်းစာကြီး တစ်စောင်က ဖော်ပြထားပါတယ်။

 လုပ်ပွဲကစားတယ်လို့ တိုင်ကြားထားတာ မှန်ကန်ကြောင်းနဲ့ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲမှုကော်မတီထံ အကြောင်းကြားကာ စုံစမ်းစစ်ဆေးမှုတွေပူးပေါင်းပြုလုပ်ပေးဖို့ တင်ပြထားတယ်လို့ ဧရာဝတီအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးလို့ ကစားခဲ့တယ်ဆိုရင် အရေးယူသွားမှာ ဖြစ်ပြီး လုပ်ပွဲကစားတယ်ဆိုတာ အတိအကျတော့ ပြောလို့ မရဘူးလို့လည်း ဆိုပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ