Local: ကမ္ဘာ့ချန်ပီယံ ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ တူးတူးနဲ့ ကနေဒါလက်ဝှေ့သမား ယှဉ်ပြိုင်မယ်

နိုင်ငံပေါင်းစုံက ရိုးရာလက်ဝှေ့ကျော် ကိုးဦးနဲ့ ပြည်တွင်းရိုးရာလက်ဝှေ့ကျော်ကိုးဦး ယှဉ်ပြိုင်ထိုးသတ်မှာပါ။

play

 

လာမယ့် သြဂုတ်လထဲမှာ ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် မွေထိုင်းချန်ပီယံဟောင်း ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်တို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။

‘‘၀ိတ်တန်း ကိုးခုပါမယ်။ နိုင်ငံစုံက ရိုးရာလက်ဝှေ့ကျော်ကိုးဦးကို ပြည်တွင်းက ဖိုက်တာတွေနဲ့ ထိုးသတ်စေမယ်။ ထွန်းထွန်းမင်းကို အစက ဆိုင်းရပ်စ်နဲ့ ပြန်ထိုးခိုင်းမလို့၊ ဒါပေမယ့် သူတို့နှစ်ယောက်ထိုးတဲ့ပွဲတွေက ပရိသတ်တွေ ကြည့်ဖူးနေတော့ တခြားပြိုင်ဘက်နဲ့ ထွန်းထွန်းမင်းကို ယှဉ်ပြိုင်စေဖို့ စီစဉ်နေတယ်’’လို့ မြန်မာမီဒီယာအုပ်စုမှ ဦးဝဏ္ဏက ပြောပါတယ်။

play
တူးတူးနှင့်ယှဉ်ပြိုင်မည့် မွေထိုင်းချန်ပီယံဟောင်း ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်။

 

ဒီပြိုင်ပွဲမှာ တွဲဆိုင်းကိုးဆိုင်းထည့်သွင်းထားပေမယ့် လက်ရှိမှာ တွဲဆိုင်းသုံးဆိုင်းပဲထွက်ပေါ်လာသေးပြီး ကျန်တွဲဆိုင်းတွေအတွက် ညှိနှိုင်း နေတယ်လို့  ပြိုင်ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောပါတယ်။

အတည်ပြုပြီးတဲ့ တွဲဆိုင်းသုံးဆိုင်းကတော့ တူးတူးနဲ့ ဒေ့ဗ်လက်ဒပ်၊ စောဂေါ်မူတိုနဲ့ ရုရှားလက်ဝှေ့သမား ရှပ်ရှာကော့ဗ်အာတမ်၊ ထွန်းလွင်မိုးနဲ့ ဂျပန်လက်ဝှေ့သမား အုကတို့ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နဲ့ မြန်မာမီဒီယာအုပ်စုတို့ ပူးပေါင်းကျင်းပမယ့် ဒီပြိုင်ပွဲမှာ ရုရှား၊ ဂျပန်၊ အမေရိကန်စတဲ့ နိုင်ငံပေါင်းစုံက ရိုးရာလက်ဝှေ့ ကျော် ကိုးဦးကို ဖိတ်ခေါ်ပြီး ပြည်တွင်းရိုးရာလက်ဝှေ့ကျော် ကိုးဦးနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : 7Daydaily

Photos : TooToo Myanmarletwhay Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ