Local: ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပွဲမှာ ဌာနနှစ်ခုရန်ဖြစ်တာကြောင့် ပွဲပျက်

ပြန်ကြားရေးဘက်က ကစားသမားတစ်ဦး နှာခေါင်း သွေးကျလို့ ဆေးခန်းပြခဲ့ရပါတယ်။

play

 

ရှစ်ကြိမ်မြောက် ၀န်ကြီးဌာနပေါင်းစုံ  ဘောလုံးပြိုင်ပွဲကို နေပြည်တော်မှာ ကျင်းပနေပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘောလုံးအသင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဘောလုံးအသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲမှာ ရန်ဖြစ်တာကြောင့် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ အဆိုပါပွဲစဉ်ဟာ အုပ်စုဒုတိယအဆင့် ပွဲစဉ်တစ်ပွဲဖြစ်ပြီး ဇူလိုင် ၁၇ ရက်က ၀ဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းမှာ ကစားခဲ့ကြတာ ဖြစ်ပါတယ်။  တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်နေရာက ပွဲ ပြီးဆုံးဖို့ ၁၅ မိနစ်အလိုမှာ နှစ်ဖက်အသင်းသားတွေ ခိုက်ရန်ဖြစ်ပွားတာကြောင့် ပြိုင်ပွဲကို ရပ်နားခဲ့ရတာဖြစ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားတယ်လို့ သိရပါတယ်။

မလိုလားအပ်တဲ့ ပြဿ     နာတွေ ဆက်မဖြစ်စေဖို့ ပွဲကို သရေနဲ့ ရပ်လိုက်တာဖြစ်ပြီး  ပြန်ကြားရေးဘက်က ကစားသမားတစ်ဦး နှာခေါင်း သွေးကျလို့ ဆေးခန်းပြခဲ့ရပါတယ်။

Photos & Source: 7Day Daily, အားကာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ