Local: မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးက သွေးတိုးရောဂါရှိနေ

ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးမှုတွေနဲ့ ဆက်စပ်နေပါတယ်။

play

 

မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးက သွေးတိုးရောဂါဖြစ်နေပြီး ဖြစ်ပွားနှုန်းဟာ မြို့ပြနဲ့ ကျေးလက် ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။ သွေးတိုးရောဂါဟာ အရွယ်ရောက်ပြီးသူ အမျိုးသားတွေမှာ ၂၄ ဒဿ     မ ၇ ရာခိုင်နှုန်းဖြစ်နေပြီး အမျိုးသမီးတွေမှာ ၂၈ ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့က ၂၀၁၄ က ထုတ်ပြန်ထားတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြို့နေလူတန်းစားတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီပေမဲ့ တောတွေမှာက ကျန်းမာရေးနဲ့ပတ်သက်လို့ အလှမ်းဝေးနေပြီး ကွာဟချက်ကို ကျဉ်းမြောင်းအောင်လုပ်ဖို့ လိုအပ်တယ်လို့လည်း ဆီးချို၊ သွေးချိုကာကွယ်ထိးန်သိမ်းရေးစီမံချက်မှ စီမံချက်မန်နေဂျာ ပါမောက္ခချုပ်ဒေါက်တာကိုကိုက ပြောကြားထားပါတယ်။ သွေးတိုးတာဟာ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ မရှိခြင်း၊ ဆေးလိပ်၊အရက်အလွန်အကျွံသောက်သုံးခြင်းတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ