Local: ဦးနှောက်သေးတဲ့ ကလေးငယ်တိုင်း ဇီကာဗိုင်းရပ်စ်ကြောင့် မဟုတ်

ဦးခေါင်းသေး မွေးလာရတဲ့အကြောင်းရင်းတွေက အများကြီးရှိတယ်။

play

 

ဦးခေါင်းသေး၊ ဦးနှောက်သေးပြီး ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေ မွေးဖွားလာခြင်းဟာ  ဇီကာဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ အခြားအကြောင်းကြောင့်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ 

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ မွေးရာပါ ဦးခေါင်းသေး၊ ဦးနှောက်သေးငယ်တဲ့ ကလေးတွေ မွေးဖွားလာတယ်လို့ သုတေသနတွေကဆိုပေမဲ့  အခြားကူးစက်ရောဂါတွေနဲ့ ပတ်ဝန်းကျင်အဆိပ်သင့်မှုတွေကြောင့်လည်း ဖြစ်တတ်တယ်လို့  သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရင်ရင်စိုးက ပြောထားတာ ဖြစ်ပါတယ်။ ဇီကာကြောင့်လား၊ တခြားရောဂါကြောင့်လားဆိုတာ လေ့လာဆန်းစစ်ဖို့လိုပြီး ဦးခေါင်းသေး မွေးလာရတဲ့အကြောင်းရင်းတွေက အများကြီးရှိတယ်လို့လည်း ဒေါက်တာရင်ရင်စိုးကပြောပါတယ်။

  မိခင်ဝမ်းတွင်းမှာရှိနေစဉ် ရောဂါတစ်ခုခုကူးစက်ခံရရင် ဥပမာ ဂျိုက်သိုးတို့၊ ရေယုန်တို့၊ Tox-oplasmosis (ကပ်ပါးပိုး)စတဲ့ အကြောင်းတွေကြောင့်ဖြစ်နိုင်ပြီး  မျိုးရိုးဗီဇပုံမမှန်တာ၊ အရက်ကြောင့်၊ ဆေးတစ်ခုခုကြောင့်လည်း ဖြစ်တတ်တယ်လို့ သားဖွား၊မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာရင်ရင်စိုးက ဆိုပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ