Local: လက်ရွေးစင်အသင်းကပြန်ခေါ်ရင် အသင့်ဖြစ်အောင်လုပ်နေတယ်လို့ ကျော်ကိုကိုပြော

အသင်းနဲ့အံမဝင်လို့အသင်းရဲ့ လူစာရင်းက ထုတ်ပယ်ခံခဲ့ရတာလို့ ဆိုပါတယ်။

play

 

လက်ရွေးစင်အသင်းပြန်ခေါ်ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားမယ်လို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနေ ပြန်လည်စေလွှတ်ခံရတဲ့  ကစားသမား ကျော်ကိုကိုက ပြောလိုက်ပါတယ်။

‘‘ကျွန်တော့်ကစားပုံက အသင်းနဲ့အံမဝင်လို့အသင်းရဲ့ လူစာရင်းက ထုတ်ပယ်ခံခဲ့ရတာပါ။ နည်းပြက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့ပေမဲ့ ကျွန်တော် အသုံးမချနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်အသင်းနဲ့ အတူရှိနေသလို လေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ။ အသင်းက ပြန်ခေါ်မယ်ဆိုရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမှာပါ’’လို့ ကျော်ကိုကိုက ပြောပါတယ်။

play

 

ဥရောပလေ့ကျင့်ရေးခရီးစဉ်မှာ အသင်းရဲ့နည်းစနစ်ပိုင်းနဲ့ အံမ၀င်လို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က တိုက်စစ်မှူးကျော်ကိုကိုနဲ့ သီဟဇော်တို့ကို ပဏာမလက်ရွေးစင်အ သင်း ၂၅ ဦးစာရင်းကနေ လျှော့ချခဲ့ပြီး စက်တင်ဘာ ၂၉ ရက်မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို ပြန်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဥရောပခရီးစဉ်ကနေ ပြန် လည်ရောက်ရှိလာရင် ရှင်းလင်းပြောကြားမယ်လို့ ပြောကြားထားပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ