Local: ပိုလန်နိုင်ငံသားကို အမှတ်နဲ့အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်

, updated

သုံးချီအပြည့်အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက အနိုင်ပေးခဲ့တာပါ။

play

 

မြန်မာနိုင်ငံမှာ တတိယအကြိမ်ကျင်းပခဲ့တဲ့ One Championship ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာပြည်ဖွားကစားသမား အောင်လအန်ဆန်က ပြိုင်ဘက်ကစားသမား မစ်ချယ်ပက်စတာနက်ကို အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာ အောင်လအန်ဆန်က ပိုလန်ကစားသမားကို သူ့ရဲ့အပိုင်ချုပ်ကွက်နဲ့ ပြိုင်ဘက်ကစားသမားကို ပွဲသိမ်းအနိုင်ယူဖို့ အခွင့်အရေးသုံးကြိမ်ထက်မနည်း ရရှိခဲ့ပေမယ့် ပရိသတ်တွေ စိတ်တိုင်းကျအောင် ထိုးသတ်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ မတ်လတုန်းက ထိုးသတ်ခဲ့တဲ့ အီဂျစ်နိုင်ငံသားမိုဟာမက်အလီနဲ့ ပွဲတုန်းကလိုမဟုတ်ပဲ ပွဲချိန်ပြီးဆုံးတဲ့အထိ ပြိုင်ဘက်ပိုလန် ကစားသမားကို အသာစီးက ထိုးသတ်နိုင်ခဲ့ပြီး သုံးချီအပြည့်ထိုးသတ်အပြီးမှာ ဒိုင်သုံးဦးရဲ့ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ မတ်လအတွင်းက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်းက အီဂျစ်နိုင်ငံသား မိုဟာမက်အလီအကို ၂ မိနစ်နဲ့ ၃၈ စက္ကန့်မှာ အလဲထိုးအနိုင်ရထားတာပါ။

Photos : One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ