Local: ဆူဇူကီးဖလား ကျင်းပမယ့် သုဝဏ္ဏကွင်းတစ်ဝိုက်မှာ အရက်ရောင်းချခွင့် ပိတ်ပင်

အရက်သေစာသောက်စားလာရင် ဂိတ်ပေါက်တွေမှာ အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးမယ်။

play

 

ဆူဇူကီးဖလားပြိုင်ပွဲမှာ မလိုလားအပ်တဲ့  ပြဿနာတွေ မဖြစ်ဖို့  သုဝဏ္ဏကွင်းတစ်ဝိုက်မှာ  အရက်သေစာသောက်စားရောင်းချခွင့်ကို ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ 

ကစားကွင်းနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ပိတ်ဖို့အတွက် သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး  အရက်သေစာသောက်စားလာရင် ဂိတ်ပေါက်တွေမှာ အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးပြီးမှ ကွင်းထဲကို ဝင်ရောက်ဖို့ ခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်  ဦးဘုန်းနိုင်ဇော်က ပြောကြားထားပါတယ်။

ပွဲကျင်းပစဉ်နေ့ရက်တွေအတွင်း သောက်စားရောင်းချခွင့်ကို ပိတ်ပင်တာဖြစ်ပြီး လာမယ့်နိုဝင်ဘာအတွင်းမှာ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွေကို ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

 ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် အုပ်စု(ခ)မှာ  မြန်မာ၊ မလေးရှားနဲ့ ခြေစစ်ပွဲအောင် အသင်းတို့ပါဝင်ပြီး ဖိလစ်ပိုင်မှာ ကျင်းပမယ့် အုပ်စု(က) မှာ  ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: MFF (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ