Local: မထသအဖွဲ့က လွှဲပြောင်းပေးရမယ့် ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ စတင်စိစစ်

ရန်ကုန်တိုင်းဒေသကြီးရုံးချုပ်အပါအ၀င် မြေ၊ ယာဉ်ရပ်နားကွင်းနဲ့ အဆောက်အအုံပိုင်ဆိုင်မှု နေရာပေါင်း ၂၇ နေရာရှိတယ်။

play

 

မထသရဲ့ ပိုင်ဆိုင်မှုနဲ့ စီမံမှုလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လွှဲပြောင်းပေးဖို့ ပြင်ဆင်ထားတာကြောင့် စိစစ်မှုတွေကို စတင်နေပြီး လွှဲပြောင်းပေးအပ်ရမယ့်အထဲမှာ လက်ရှိမထသရဲ့ရန်ကုန်တိုင်းဒေသကြီးရုံးချုပ်အပါအ၀င် မြေ၊ ယာဉ်ရပ်နားကွင်းနဲ့ အဆောက်အအုံပိုင်ဆိုင်မှု နေရာပေါင်း ၂၇ နေရာရှိတယ်လို့ သိရပါတယ်။

လွှဲပြောင်းပေးရမယ့် ငွေကြေးနဲ့ ငွေစာရင်းတွေကိုတော့ တိကျစွာပြောကြားခြင်းမရှိဘဲ ငွေကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိတယ်လို့ မထသ (ရန်ကုန်)ဌာနမှူး ဦးမောင်မောင်လွင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ ပိုင်ဆိုင်မှုအားလုံးတင်ပြထားပြီးဖြစ်ကာ ပရိဘောဂပစ္စည်းကအစ မြေယာ၊အဆောက်အအုံ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ဦးမောင်မောင်လွင်က ဆိုပါတယ်။

မထသ(ရန်ကုန်တိုင်းဒေသကြီး) ဟာ ၁၉၆၂ ကတည်းက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

 Source: 7Day Daily

Photos: Xinhua Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ