Local: မြန်မာလုပ်သားငါးဦးကို သတ်သည့်တရားခံများအား အမြန်ဖော်ထုတ်ပေးမယ်လို့ မလေးရှားအစိုးရကတိပေး

မိမိတို့ရဲ့ ခန့်မှန်းထင်မြင်ယူဆချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြနေခြင်းဟာ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကိုအနှောင့်အယှက် ဖြစ်စေပါတယ်။

play

 

မြန်မာလုပ်သားငါးဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို မလေးရှားရဲတပ်ဖွဲ့ဌာနချုပ်နဲ့ မှုခင်းရဲတပ်ဖွဲ့တို့က ပူးပေါင်းကိုင်တွယ်နေပြီး တရားခံတွေကို အမြန်ဆုံးဖမ်းပေးမယ်လို့ ကတိပေးထားကြောင်းသိရပါတယ်။

 အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့အတွက် သူတို့ တကယ်ကိုလုပ်နေကြတာဖြစ်ပြီး   တရားခံတွေကို အမြန်ဆုံးဖမ်းပေးပါ့မယ်လို့ ပြောထားတယ်လို့ မြန်မာသံရုံးအတွင်းဝန် ဦးတင်ဝင်းအောင်က ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ရေးသားထားပါတယ်။

အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ မြန်မာလုပ်သားခုနစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က စစ်ဆေးနေတာဟာ အမှုအတွက် သတင်း ရရှိဖို့ဖြစ်ပြီး ဖမ်းဆီးထားတာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ ခန့်မှန်းထင်မြင်ယူဆချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြနေခြင်းဟာ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အမှုမှန်ပေါ်ပေါက်ရေးကို အနှောင့်အယှက် ဖြစ်စေပါတယ်လို့လည်း  ဦးတင်ဝင်းအောင်က  ပြောထားပါတယ်။

ဇန်နဝါရီ ၅ ရက်ညက မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ အချိန်ပိုအလုပ်ဆင်းရာမှ ပြန်လာတဲ့ မြန်မာလုပ်သား ၁၅ ဦးကို မလေးရှားနိုင်ငံသားလို့ ယူဆရသူ မျက်နှာဖုံးစွပ် ၁၀ ဦးခန့်က ဓားဖြင့်တိုက်ခိုက်ခဲ့ရာမှာ မြန်မာလုပ်သားငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ