Local: မင်္ဂလာဈေးပြန်ဆောက်မယ့်ကိစ္စ အတိအကျမသိသေးလို့ ဈေးသူ၊ ဈေးသားတွေ ဆန္ဒပြ

ဈေးမီလောင်မှု တစ်နှစ်ပြည့်အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။

play
မင်္ဂလာဈေးမီးလောင်မှု မြင်ကွင်းကိုတွေ့ရစဉ်။

 

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာ မီးလောင်ကြွမ်းခဲ့တဲ့ မင်္ဂလာဈေးပြန်လည်တည်ဆောက်ဖို့ တိကျသေချာတဲ့ အဖြေမသိရသေးတာကြောင့် မင်္ဂလာဈေးသူ၊ ဈေးသားတွေက ဒီနေ့နေ့လည်ပိုင်းမှာ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဈေးမီလောင်မှု တစ်နှစ်ပြည့်အခမ်းအနားကိုလည်း ပူးတွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဈေးသစ် အမြန်တည်ဆောက်ပေးရေးနဲ့ ဈေးသစ်ဆောက်ရာမှာ အထပ်မြင့်မဆောက်ရေး၊ ဈေးကိုယ်စားလှယ်တွေကို တာဝန်ရှိသူတွေက အမြန်ဆုံးခေါ်ယူတွေ့ဆုံရေး စတာတွေကို လူဦးရေ (၄၀၀)နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

play

 

" မင်္ဂလာဈေးမီးလောင်ပြီးကတည်းက အခုအချိန်အထိပြန်မဆောက်နိုင်သေးဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ဈေးသူ၊ ဈေးသားတွေကို ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောကြားတာလည်းမရှိသေးပါဘူး။ မီးလောင်ပြီးတစ်နှစ်ပြည့်တဲ့ အချိန်အထိ တာဝန်ရှိသူတွေက ဈေးသူ၊ ဈေးသားတွေနဲ့ ဈေးတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံတာတွေလည်းမရှိသေးပါဘူး။ ဒါတွေကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်"လို့ ဦးသန်းချို (မင်္ဂလာဈေးဒုတိယထပ်ကိုယ်စားလှယ်)က ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် ဇန်န၀ါရီလ ၉ ရက် မနက် ၁ နာရီလောက်က မင်္ဂလာဈေး တတိယထပ်ကနေ စပြီး မီးလောင်ကျွမ်းခဲ့ကာ ဆိုင်ခန်း ပေါင်း ၁,၆၃၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းခြောက်သောင်းကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်မယ်လို့ ပြီးခဲ့တဲ့နှစ် မေလထဲမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားထားပါတယ်။

Source : 7DayTV

Photos : 7DayDaily

Video : 7DayTV

ဈေးပြန်ဆောက်မယ်ကိစ္စ အတိအကျမသိသေးလို့ မင်္ဂလာဈေးသူ၊ ဈေးသားတွေ ဆန္ဒပြ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ