Local: အများပိုင်ဘတ်စ်ကားလိုင်း လမ်းကြောင်းနှစ်ခုထပ်တိုးပြီး လမ်းကြောင်းနှစ်ခု ပြင်ဆင်

လိုင်းနံပါတ် ၅၉ နဲ့ ၆၀ တို့ကို ထပ်တိုးခဲ့တာပါ။

play
ထပ်မံတိုးချဲ့ခဲ့သည့် ယာဉ်လိုင်းနံပါတ် ၆၀ ပြေးဆွဲမည့် လမ်းကြောင်းမြေပုံ။

 

ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စတင်ပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကားလမ်းကြောင်းတွေရဲ့ လမ်းကြောင်းတွေကိုမူလသတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအပြင် လိုင်းနံပါတ် ၅၉ နဲ့ ၆၀ တို့ကိုထပ်တိုးခဲ့ပြီး လမ်းကြောင်းနှစ်ခုကို ပြင်ဆင်လိုက်တယ်လို့ သိရပါတယ်။

အသစ်တိုးမြှင့်တဲ့ လမ်းကြောင်းတွေက လမ်းကြောင်းနံပါတ်(၅၉)အဖြစ် သင်္ဃန်းကျွန်း စံပြဈေးကနေ နှင်းဆီကုန်းလမ်းအထိ၊ လမ်းကြောင်းနံပါတ်(၆၀)အဖြစ် တောင်ဒဂုံကနေ  ကျောက်ကုန်းအထိဖြစ်ပြီး နံပါတ်(၂) လမ်းကြောင်းနဲ့ နံပါတ်(၄၁)လမ်းကြောင်းတို့ကို ပြန်လည်ပြင်ဆင်လိုက်တာပါ။

နံပါတ်(၂)လမ်းကြောင်းကို ယုဇနဥယျာဉ်မြို့တော် မုခ်ဦး-ပဲခူးမြစ်လမ်း-ဧရာဝဏ်လမ်း-သာကေတအဝိုင်း - သံလျင် တံတားချဉ်းကပ်လမ်း-ရှုခင်းသာ မြို့ပတ်လမ်း-ယမုံနာလမ်း-မဟာဗန္ဓုလတံတားအထိ သတ်မှတ်ထားတာကနေ ယုဇန(ခိုင်ရွှေဝါလမ်း)-အောင်မင်္ဂလာအဝေးပြေးဝင်းအထိပြေးဆွဲဖို့ ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် နံပါတ်(၄၁)လမ်းကြောင်းကိုလည်း အရင်ကရွှေပြည်သာ (လိန်ကုန်း)-ထန်းခြောက်ပင်-ပုလဲလမ်း-၁၄ လမ်းဆုံ-တညင်းကုန်းလမ်းဆုံ-ပြည်တော်သာ-ပေါက်တောဝ-ဘုရင့်နောင်-သီရိမင်္ဂလာဈေးသစ်-ဆင်မလိုက်-စံပြငါးဈေး-ကမ်းနားလမ်း-သခင်မြပန်းခြံလို့ သတ်မှတ်ထားတာကနေ ထောက်ကြန့်-သခင်မြပန်းခြံအထိပြေးဆွဲဖို့ လမ်းကြောင်းပြောင်းလဲသတ်မှတ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လမ်းကြောင်းတွေကို ထပ်မံတိုးချဲ့သွားမှာဖြစ်ကာ ရန်ကုန်ဘတ်စ်ကားလိုင်းလမ်းကြောင်းနဲ့ ပတ်သက်တာတွေကို http://yangonbus.com/ မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : YBS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ