Local: ထိုင်းဘောလုံးကလပ်တွေ အပြိုင်အဆိုင်ခေါ်ချင်နေတဲ့ မွန်လူမျိုးဘောလုံးပါရမီရှင် ကလေးငယ်

ဂိုးဘားတန်းကို သုံးကြိမ်စလုံးထိအောင် ကန်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မွန်လူမျိုးကလေးငယ် ဆူဝင်ဟာ အသက် (၇)နှစ်အရွယ်သာ ရှိသေးပေမယ့် သူရဲ့ဘောလုံးစွမ်းရည် ပါရမီကတော့ လက်ဖျားခါလောက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရုပ်သံဖျော်ဖြေရေး အစီစဉ်တစ်ခုဖြစ်တဲ့ Workpoint မှာ ပြသခဲ့တဲ့ ဘောလုံးစွမ်းရည်ကြောင့် ထိုင်းဘောလုံးကလပ်အသင်းတွေကခေါ်ယူဖို့ မျက်စိကျနေကြတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံသား မွန်လူမျိုး မိဘနှစ်ပါးကနေဖွားမြင်ပြီး ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မောင်ဆူဝင်က Workpoint ရုပ်သံအစီအစဉ်မှာ ပင်နယ်တီကန်တဲ့အကွာအဝေးလောက်ကနေ ဂိုးဘားတန်းကို သုံးကြိမ်စလုံးထိအောင်ကန်နိုင်ခဲ့လို့ ရုပ်သံအစီအစဉ်တင်ဆက်သူတွေနဲ့ လာရောက်ကြည့်ရှုတဲ့ ထိုင်းပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

play

 

ထိုင်းနိုင်ငံက နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ ဘန်ကောက်ပို့သတင်းစာကလည်း အဆိုပါ ကလေးငယ်က မှော်ဆန်တဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်လို့ ထိုင်းနိုင်ငံရဲ့ လက်ရှိ ဘောလုံးသမားတွေကိုတောင် အံ့အားသင့်စေခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပြီး ဆူဝမ်က ဘာစီလိုနာအသင်းမှာကစားချင်တယ်လို့ ပြောခဲ့သလို မက်ဆီကိုအားကျတယ်လို့လည်း ဆိုပါတယ်။

ထိုင်းလက်ရွေးစင်ဘောလုံးအကျော်အမော်တစ်ဦးဖြစ်တဲ့ တီရာသွန်ကလည်း ဆူဝင်ကို ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ချီးကျူးခဲ့သလို ပြီးခဲ့တဲ့ ဆူဇူကီးဖလားဗိုလ်လုပွဲမှာ သူဝတ်ဆင် ကစားခဲ့တဲ့ ဘောလုံးကန်ဖိနပ်ကို လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo & Video : Workpoint

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ