Local: အများပိုင်ဘတ်စ်ကားကုမ္ပဏီအတွက် ယာဉ်မောင်း ၇၀၀ ကျော်ခေါ်မယ်

ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် (YUPT)က ခေါ်ယူမှာပါ။

play

 

လာမယ့် ဇန်န၀ါရီလ ၁၆ ရက်မှာ စတင်ပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကားလိုင်းတွေမှာ ပါဝင်ပြေးဆွဲမယ့်  ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် (YUPT)က ယာဉ်မောင်း ၇၀၀ ခန့် ခေါ်ယူခန့်အပ်သွားမယ်လို့ သိရပါတယ်။

မထသကို အမည်ပြောင်းလဲပြီး အများပိုင်ဘတ်စ်ကားတွေဘတ်စ်ကားပြေးဆွဲရာမှာ ပါဝင်နိုင်ဖို့ ပြင်ဆင်နေတဲ့ ယာဉ်သစ်အစီးရေ ၆၀၀ ပတ်ဝန်းကျင်အသုံးပြုပြေးဆွဲဖို့ စီစဉ်နေတာကြောင့် ယာဉ်မောင်းကို ယာဉ်စီးရေနဲ့ မျှတအောင်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ မထသ(ရန်ကုန်တိုင်းဒေသကြီး) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

‘‘လက်ရှိမှာတော့ ကားအသစ်စီးရေ ၁၀၀ ကျော်လောက် ရောက်နေပြီ။ နောက်ထပ်ရောက် လာမှာတွေလည်း ရှိတယ်။ ကျွန်တော်တို့က ယာဉ်အသစ်စီးရေ ၆၀၀ လောက်အထိ ပြေးဆွဲဖို့ရှိနေ တော့ တကယ်လိုမှာလည်း ယာဉ်မောင်းက ၆၀၀ လောက်ဖြစ်မယ်။ အရန်ယာဉ်မောင်းပါ ခေါ်ရမှာဆိုတော့ ဦးရေ ၇၀၀ လောက်တော့ ခေါ်ရမှာပေါ့’’လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

play

 

အများပိုင်ဘတ်စ်ကားကုမ္ပဏီ((YUPT)) တွေမှာ မောင်းနှင်မယ့် ယာဉ်မောင်းတစ်ဦးကို တစ်လလစာကျပ်သုံးသိန်းပေးမှာဖြစ်ကာ ခေါက်ရေတစ်ခေါက်ကို ကျပ် ၂,၀၀၀ နဲ့ တစ်ရက်ကို  လေးခေါက်ပြေးဆွဲရမှာဖြစ်ကာ လေးခေါက်ထပ်ပိုပြီး ပြေးဆွဲနိုင်ပါက အပိုပြေးဆွဲတဲ့ အခေါက်အတွက် ခေါက်ရေ ကြေးနှစ်ဆပေးမယ်လို့ သိရပါတယ်။

ယာဉ်မောင်းတွေအနေနဲ့ တစ်ပတ်ကို တစ်ရက်နားရက်ယူနိုင်ပြီး အခြားရက်တွေ ပျက်ကွက်ရင် လစာထဲငွေဖြတ်တောက် သွားမှာဖြစ်ကာ လိုင်စင်အနက်ကိုင်ဆောင်ထားတဲ့သူတွေလည်း လျောက်ထားနိုင်မယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : 7DayDaily

အများပိုင်ယာဉ်လိုင်းတွေက မထသလိုင်းတွေနဲ့ ကွဲပြားခြားနားမှုရှိလာမယ်လို့ ထင်ပါသလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ