Local: အများပိုင်ဘတ်စ်ကားလိုင်းစီးမယ့် သူတွေကိုကူညီဖို့ စေတနာ့ဝန်ထမ်းတွေဖိတ်ခေါ်

ဇန်န၀ါရီလ ၁၃ ရက်နောက်ဆုံးထားပြီး စာရင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ပြေးဆွဲမယ့် အများပိုင်ယာဉ်လမ်းကြောင်းအသစ်တွေကို စီးနင်းမယ့် ခရီးသည်တွေရဲ့အခက်အခဲတွေကို ကူညီနိုင်ဖို့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်းကနေ စေတနာ့ဝန်ထမ်းတွေခေါ်ယူနေတယ်လို့ YBS ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

"စာရင်းလာပေးတာတွေတော့ ရှိနေပြီ၊ NLD ပါတီဝင်တွေက အမာခံပေါ့၊ ကျွန်တော့် ကိုယ်စားပြုတဲ့ ဗဟန်းမြို့နယ်က လူစည်းကားတဲ့နေရာတွေမှာ ဘတ်စ်ကားလိုင်းတွေနဲ့ပတ်သတ်ပြီး ပြည်သူတွေ အခက်အခဲမရှိအောင်လို့ သတင်းအချက်အလက် မျှဝေပညာပေးတာတွေလုပ်သွားမယ်၊ အသေးစိတ်အချက်အလက်တွေကိုလည်း သက်ဆိုင်ရာလူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေသွားမယ်"လို့ ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ဓူဝံကို ပြောပါတယ်။

စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူတွေအနေနဲ့ လာမယ်ဇန်န၀ါရီလ ၁၃ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေဆီကို စာရင်းပေးသွင်းနိုင်တယ်လို့ သိပြီး စေတနာ့ဝန်ထမ်းတွေကို ယာဉ်လမ်းကြောင်းတွေနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေကို ကြိုတင်ပညာပေးတာတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

မကြာခင်ပြေးဆွဲတော့မယ့် ဘတ်စ်ကားလမ်းကြောင်း ၆၀ ဆယ်မှာ မှတ်တိုင်ပေါင်း လေးထောင်ကျော်ပါဝင်မှာဖြစ်ပါတယ်။

Source : The Voice

Photos : YBS

သင်ရော YBS အတွက်စေတနာ့ဝန်ထမ်း လုပ်ပေးဖို့ စိတ်ဝင်စားလား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ