Local: လွတ်လပ်ခြင်း အနုပညာဆုရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကို

အာဆီယံဒေသထဲက အနုပညာရှင်တွေကို ပေးအပ်တဲ့ဆု ရရှိခဲ့တာပါ။

play

 

နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မြန်မာပါဖောင်းမန့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအေးကိုက အာဆီယံဒေသတွင်းက အနုပညာရှင်တွေကိုပေးအပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် လွတ်လပ်သော အနုပညာဆု (2017 Joseph Balestier Award)ကို ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဆု အမေရိကန်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်အဖြစ်ပထမဆုံး ခန့်အပ်ခံရတဲ့ ဂျိုးဆက်ဘလက်စတီယာရဲ့ နာမည်ကိုအစွဲပြုပြီး ပေးအပ်ခဲ့တာလို့ သိရပြီး လွတ်မြောက်မှုစံနှုန်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြသတာကို အစဉ်တစိုက် တက်တက်ကြွကြွဆောင်ရွက်လာတဲ့ အရှေ့တောင်အာရှ ဒေသတွင်းက အနုပညာရှင်တွေရဲ့  စွမ်းဆောင်မှုနဲ့ လွတ်လပ်မှုစံနှုန်းတွေကို ဆက်လက်ရှာဖွေ ဖော်ထုတ်ပြသနိုင်ဖို့ ဂုဏ်ပြုပေးအပ်ခဲ့တာလို့ သိရပါတယ်။

play
ဆုရရှိခဲ့သည့် ကိုအေးကို၏ ပါဖောင်းမန့် လက်ရာ။

 

၁၉၉၀ ခုနှစ် ကျောင်းသားလုပ်ရှားမှု အရေးအခင်းမှာပါဝင်ပတ်သတ်ခဲ့လို့ ကာလကြာရှည်အကျဉ်းကျခံခဲ့ရတဲ့ ကိုအေးကိုက ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ ပါဖောင်းမန့်အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အကျိုးအမြတ်မယူတဲ့ လွတ်လပ်တဲ့ New Zero Art Space ကိုတည်ထောင်ခဲ့သူပါ။

 Art Stage Singapore နဲ့ စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့ ပူးတွဲပေးအပ်ခဲ့တဲ့ ဒီဆုရရှိတဲ့သူကို အမေရိကန်ဒေါ်လာ ၁၅၀၀၀ ချီးမြှင့်တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် ဆုရရှိခဲ့တဲ့ ကိုအေးကိုက ၂၀၁၅ နဲ့ ၂၀၁၆ တုန်းကလည်း ဆန်ကာတင်ဆုစာရင်း ၀င်ခဲ့ဘူးပါသေးတယ်။

ဒီနှစ်အတွက် ဂျိုးဆက်ဘလက်စတီယာဆုကို ကိုအေးကိုအပါအ၀င် အင်ဒိုနီးရှားနိုင်ငံက အနုပညာရှင်တစ်ဦးအပါအ၀င် မြန်မာအနုပညာရှင် မချောအိသိန်းတို့နဲ့ အတူနောက်ဆုံး ဆန်ကာတင်စာရင်း ၀င်ခဲ့တာဖြစ်ပါတယ်။

Source & Photos : CNA,U.S. Embassy Rangoon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ