သင်တန်းကာလအတွင်း အနည်းဆုံး ခွင့်ရက်တစ်ရက်သာ ပျက်ကွက်ခွင့်ရှိပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်မှသာ Certificate ရရှိမှာ ဖြစ်ပါတယ်။
 

တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် နွေရာသီအင်္ဂလိပ်စာနဲ့ လူငယ်ခေါင်းဆောင်မှုသင်တန်းကို  Connect Institute  မှာ အခမဲ့ဖွင့်လှစ်သင်ကြားပေးမယ်လို့ သိရပါတယ်။

သင်တန်းမှာ လူငယ်တွေ အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာစေဖို့ အခြေခံဘာသာရပ်တွေဖြစ်တဲ့ Academic Writing, Listening and Note Taking, Rading, Vocabulary Development နဲ့TOEFL တွေကိုလည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ခေါင်းဆောင်မှုစွမ်းရည်တိုးတက်လာစေဖို့ Critical Thinking, Leadership, Personal Development နဲ့ Emotional Intelligence အစရှိတာတွေကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။

လက်တွေ့လူမှုဘဝမှာ အတွေးအခေါ်ရင့်ကျက်လာစေဖို့နဲ့ လူမှုအသိုက်အဝန်းနဲ့အတူ လှုပ်ရှားတတ်စေဖို့ Effective Communication, Guest Speakers, Collaborative Discussion နဲ့ Student Clubs အစရှိတဲ့ Activity တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

ပရိုဂရမ်ကို ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ တစ်ကြိမ်၊ ဇွန်လ ၂၆ရက်နေ့မှ သြဂုတ် ၄ ရက်နေ့ထိ တစ်ကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း(သို့) IGCSE ဖြေဆိုပြီး ကျောင်းသားကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ်။  ပရိုဂရမ်တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေဟာ Connect Institute မှာ Interview ဖြေဆိုရမှာ ဖြစ်ပါတယ်။

သင်တန်းကာလအတွင်း အနည်းဆုံး ခွင့်ရက်တစ်ရက်သာ ပျက်ကွက်ခွင့်ရှိပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်မှသာ Certificate ရရှိမှာ ဖြစ်ပါတယ်။ ပြီးတဲ့ထိ တက်ရောက်မှာ ဖြစ်ကြောင်း အာမခံအနေနဲ့ Deposit အမရိကန်ဒေါ်လာ ၅၀(မြန်မာကျပ်ငွေ ၆ သောင်းခွဲခန့်) ပေးသွင်းရမှာဖြစ်ကာ သင်တန်းပြီးတဲ့အခါ ပေးသွင်းထားတဲ့ငွေကို ပြန်လည်ထုတ်ယူနိုင်ပါတယ်။

ပရိုဂရမ်ကို တက်ရောက်ဖို့ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ Connect Institute, Suite 3, ပန်းဆိုးတန်း Business Tower, ဖုန်း ဝ၉ ၇၇ ၉ဝဝဝ ၉ဝဝ ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Application Form (PDF) ကို  SummerApplication2017   မှာ Download ရယူနိုင်ပါသည်။ Microsoft Word နဲ့ ဖြည့်စွက်လိုသူတွေကတော့ SummerLeadershipApplication (MicrosoftWord)မှာ ဖြည့်စွက်ပြီး info@connect.edu.mm ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က