Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
Sponsored bylogo


မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်နဲ့ ပညာရှင်တွေ ပါဝင်ဆွေးနွေးမယ့် Duwun Talks ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမယ်လို့ သိရပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ ပါဝင်မယ့် ဒီဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်နေ့ Park Royal ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Duwun ဒစ်ဂျစ်တယ်မီဒီယာက Entrepreneurship Journey: Overcoming the Odds to Win ဆိုတဲ့ ခေါင်းစဉ်နဲ ကျင်းပမယ့် ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်နဲ့ ပညာရှင် လေးဦး ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

Yatha Cho(Yum Yum) ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုး၊ Forte Global Training Myanmar ရဲ့တည်ထောင်သူ ဒေါ်စန္ဒီအောင်၊ ImproTech Myanmar ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဉာဏ်လင်းဖြိုး နဲ့ ZID Institute For Professional Development ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမျိုးသန်းထွန်း တို့က ဟောပြောပွဲကို ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ Duwun ဒစ်ဂျစ်တယ်မီဒီယာက ပွဲစီစဉ်သူ Karl Kristian Ross က ပြောပါတယ်။

 

"မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအကြောင်းကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တယ်။ စွန့်ဦးတီထွင်သူတွေရဲ့ အကြောင်း ပိုပြီး နားလည်သဘောပေါက်လာအောင် လုပ်ချင်တဲ့ ဆန္ဒနဲ့ ဒီပွဲကို စီစဉ်ခဲ့တာပါ"  လို့ ပွဲစဉ်စီဉ်သူ Karl ကဆက်ပြောခဲ့ပါတယ်။

Duwun Talks အခမဲ့ ဆေးနွေးပွဲဖြစ်မြောက်ရေးအတွက် CHIVAS The Venture အဓိက ပံ့ပိုးကူညီပေးထားပြီး  MMEN (Myanmar Monthly Entrepreneur Network) နဲ့လည်း ပူးပေါင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး ကြိုတင် စာရင်းပေးထားဖို့ လိုတယ်လို့ ဆိုပါတယ်။ အောက်ပါလင့်ခ်ကနေ ဆွေးနွေးပွဲအတွက် အခမဲ့ စာရင်းပေးသွားနိုင်မှာ ဖြစ်ပါတယ်။

http://goo.gl/forms/D6VZI95b9kR9vbHF3

Share

Loading Next Article...
က္က