Local: စွန့်ဦးတီထွင်လုပ်ငန်း ခရီးကြမ်း - အခက်အခဲများကို ကျော်လွှားခြင်း Duwun Talks ကျင်းပ

ပြည်တွင်းမှာ အောင်မြင်နေတဲ့ နယ်ပယ်အသီးသီးက စွန့်ဦးတီထွင်သူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

play

 

ဓူဝံမီဒီယာ၊ မြန်မာစွန့်ဦးတီထွင်သူများ လစဉ်တွေ့ဆုံရေးကွန်ယက် နဲ့  Chivas Venture တို့ပူးပေါင်းပြီး စွန့်ဦးတီထွင်လုပ်ငန်း ခရီးကြမ်း - အခက်အခဲများကိုကျော်လွှားပြီးအောင်မြင်မှုကို ရယူခြင်း စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လအတွင်းက ကျင်းပခဲ့ပါတယ်။

play

 

အဲဒီပွဲမှာ လက်ရှိအောင်မြင်နေတဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုဝေဖြိုး၊ ကိုမျိုးသန်းထွန်း နဲ့ ကိုဉာဏ်လင်းဖြိုးတို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး မစန္ဒီအောင်က ဆွေးနွေးကိုပွဲပံ့ပိုး တင်ဆက်သူအဖြစ်နဲ့ အကောင်းဆုံး ဆောင်ရွက်သွားခဲ့ပါတယ်။ နှစ်နာရီကြာမြင့်တဲ့အဲဒီဆွေးနွေးပွဲအတွင်းမှာ ပါဝင် ဆွေးနွေးသူတွေဟာ သူတို့လက်တွေ့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဆွေးနွေးပွဲတက်ရောက်နားထောင်သူတွေ အတွက် အသုံးဝင်မယ့် သတင်းအချက် အလက်တွေကို မျှဝေပေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဟောပြောဆွေးနွေးခဲ့ကြတာ တွေကို အနှစ်ချုပ်ဖော်ပြ ရမယ်ဆိုရင် -

play

 

- ရှုံးနိမ့်မှုတွေဆိုတာ စွန့်ဦးတီထွင်လုပ်ငန်းခရီးကြမ်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ရှုံးနိမ့်မှုတွေဆိုတာ အောင်မြင်မှုဆီသွားရာလမ်းအတွက် အကောင်းဆုံး ဆရာတွေပါ။

- စီးပွားရေးလုပ်ငန်းတစ်ခု မစတင်ခင်မှာ ပြန်လည်ထွက်ခွာမယ့် မဟာဗျူဟာကိုလည်း ကြိုတင်စဉ်းစားထားရပါမယ်။

- စွန့်ဦးတီထွင်သူတစ်ယောက်မှာရှိရမယ့်အရေးအကြီးဆုံးအရာက ဆန္ဒပြင်းပြမှုပါပဲ။ ကိုယ်လုပ်နေတာကို ကိုယ်ချစ်ဖို့ လိုပါတယ်။

- အရင်းအနှီးလည်းမရှိဘူး၊ မိသားစုနောက်ခံလည်းမရှိဘူးဆိုရင် ၃၊ ၄ နှစ်လောက် ၀န်ထမ်းလုပ်ပါ။ အဲဒီလိုလုပ်တဲ့အတွက် အတွေ့အကြုံရော၊ ပိုက်ဆံပါရမယ့်အပြင် လုပ်ငန်းတစ်ခုဘယ်လို လည်ပတ်သလဲဆိုတာကိုပါ သိလာပါလိမ့်မယ်။

- အရင်းအနှီးရော၊အတွေ့အကြုံပါမရှိတဲ့လူတွေအတွက် အသင့်လျော်ဆုံးလုပ်ငန်းတွေကတော့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပါပဲ။

play

 

အထက်ပါအချက်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ့် ၊ စတင်ဖို့အတွက်ရည်ရွယ်နေတဲ့ လူငယ်တွေ အတွက် လက်တွေ့အသုံးကျမယ့် အကြောင်းအရာတွေနဲ့ အချက်အလက်တွေကိုလည်း ဦးဆောင်ဆွေးနွေးသူတွေဖြစ်တဲ့ ကိုဝေဖြိုး၊ ကိုမျိုးသန်းထွန်း နဲ့ ကိုဉာဏ်လင်းဖြိုးတို့က ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး