စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပါဝင်ဆွေးနွေးကြမယ့် ပွဲဖြစ်ပါတယ်။
Sponsored bylogo
 

ဓူဝံနဲ့ Chisvas Venture တို့ပူးပေါင်းကျင်းပတဲ့ စွန့်ဦးတီထွင် ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့်သြဂုတ်လ ၂၇ မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်း - အိပ်မက်များမှသည် လက်တွေ့အောင်မြင်မှုများဆီသို့ ခေါင်းစဉ်နဲ့ ကျင်းပမယ့် Duwun Talks ဆွေးနွေးပွဲမှာ ပြည်တွင်းက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့ Park Royal ဟိုတယ်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘယ်သူမဆို တက်ရောက်နိုင်ကြောင်းသိရပြီး စိတ်ပါဝင်စားသူတွေက ကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့ Duwun Talk ကိုကျင်းပမယ့် တာဝန်ရှိသူတွေထံက သိရပါတယ်။



ပြည်တွင်းစီးပွားရေးအတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုဟန်ဇော်လတ်၊ ကိုရဲမြတ်မင်း နဲ့ မစံပယ်အောင် တို့ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကိုဟန်ဇော်လတ်ဟာ Miss Golden Land Myanmar Organization ရဲ့ Founder နဲ့ CEO ဖြစ်ပြီး ကိုရဲမြတ်မင်းက NEX Digital Solution ရဲ့ Founder နဲ့ CEO ဖြစ်ကာ မစံပယ်အောင်ကတော့ Nature Dreams Travels & Tours ရဲ့ Founder & CEO နဲ့ အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။

Moderator အဖြစ် ဆောင်ရွက်မယ့် ကိုဇင်ဇေလွင်ကတော့ Social Media Specialist နဲ့ Active English Training School ရဲ့ Founder ဖြစ်ပါတယ်။

Share

Loading Next Article...
က္က