AD
AD
AD
play

 

အမေများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ " ချစ်မေတ္တာဖြင့်ချက် မေမေ့အတွက် " ဟင်းချက်ပြိုင်ပွဲကြီးကို မက်ဂီက ဒီနှစ်လည်းနာမည်ကျော်အနုပညာရှင်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားဦးမှာပါ။

မေလ၊ ၁ ရက်နေ့မှာ City Mall စိန့်ဂျွန်းမှာကျင်းပသွားမှာဖြစ်ပြီး အွန်လိုင်းကနေပါဝင်ယှဉ်ပြိုင်သူတွေထဲက စကာတင်ရွေးချယ်ထားသူ ၅ ဦးယှဉ်ပြိုင်ချက်ပြုတ်ပြီး ပထမဆုကို ဆုငွေ ၁၅ သိန်းအထိချီးမြှင့်မယ့် ဟင်းချက်ပြိုင်ပွဲအစီအစဉ်၊ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Galaxy Star ပထမဆုရှင် နေမင်းအိမ်၊ သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ၊ သျှားထွတ်အိန္ဒြာနဲ့ ကျောက်ထက်ဇော်တို့က သူတို့ရဲ့ မိခင်တွေနဲ့ ပျော်ပျော်ပါးပါး ဟင်းလျာတွေချက်ပြုတ်မယ့်အစီအစဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် မိခင်တွေ ကျန်းမာရေးနဲ့အညီအာဟာရပြည့်ဝတဲ့ဟင်းလျာတွေဖြစ်အောင်ချက်ပြုတ်နိုင်ရေးအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဆွေးနွေးဟောပြောပေးမယ့် အစီအစဉ်တွေလည်းပါဝင်မှာ ဖြစ်တာကြောင့် လက်မလွတ်သင့်တဲ့ ပွဲတစ်ပွဲပါပဲ။

ကမ္ဘာ့နံပါတ်တစ် စားသောက်ကုန်အမှတ်တံဆိပ် Nestle ကထုတ်လုပ်တဲ့ ပဲငံပြာရည်နဲ့ခရုဆီ အမှတ်တံဆိပ် မက်ဂီ ကနေပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလိုပဲ အမေ့များနေ့ကိုဂုဏ်ပြုတဲ့ " ချစ်မေတ္တာဖြင့်ချက် မေမေ့အတွက် " ဟင်းချက်ပြိုင်ပွဲကြီးကို စည်စည်ကားကားကျင်းပခဲ့ပါသေးတယ်။

ကဲ...ဒီနှစ်မက်ဂီရဲ့ ပျော်စရာကောင်းမယ့် အမေများနေ့အထိမ်းအမှတ်ဟင်းချက်ပြိုင်ပွဲကြီးမှာ ပါဝင်နိုင်ဖို့ မေလ၊ ၁ ရက်နေ့ City Mall စိန့်ဂျွန်းကို ဆက်ဆက်ရောက်အောင်သွားလိုက်ကြနော်...။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD