AD
AD
AD
play

 

ကမ္ဘာကျော် ပြင်သစ်ကော်ပိုရေးရှင်းဖြစ်တဲ့ AccorHotels အဖွဲ့ကနေပြီး မြန်မာနိုင်ငံမှာသူတို့ရဲ့ ပထမဆုံး Mercure ဟိုတယ်ကို ရန်ကုန်မြို့ရဲ့ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝမ်း အလယ်အလတ်အဆင့်ရှိ ကြယ် ၃ ပွင့် နဲ့ ကြယ် ၄ ပွင့်ဟိုတယ်ပေါင်း ၇၇၉ ခုကို ကမ္ဘာ့နိုင်ငံပေါင်း ၆၁ နိုင်ငံမှာ ဖွင့်လှစ်စီမံကွပ်ကဲလျက်ရှိတဲ့ AccorHotels အဖွဲ့ကဖွင့်လှစ်တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး Mercure ဟိုတယ်ဟာ အထပ် ၇ထပ်ရှိပြီး မိသားစုတွေနဲ့ ရက်ရှည်တည်းခိုမယ့်ဧည့်သည်တွေအတွက်အဆင်ပြေအောင် အလင်းရောင်ကောင်းကောင်း ရပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင့်အတန်းမြင့်ကောင်းမွန်တဲ့ အခန်းပေါင်း ၁၈၃ ခန်းနဲ့ဖွဲ့စည်းထားတဲ့ ဟိုတယ်တစ်ခုပါ။

play

 

လေဆိပ်ကနေ ၁၀ ကီလိုမီတာပဲဝေးပြီး ရန်ကုန်တက္ကသိုလ်နဲ့လည်း မိနစ်ပိုင်းလောက်ပဲဝေးတဲ့ Mercure ဟိုတယ်မှာ မြန်မာ့ယဉ်ကျေးမှု အနုပညာ၊ လက်မှုပညာ၊ ရိုးရာယွန်းထည်ပစ္စည်းတွေရဲ့အငွေ့အသက်တွေနဲ့ ပြင်ဆင်ထားတဲ့ လှပခမ်းနားတဲ့မျက်နှာကျက်တွေ၊ ၃၂ စတုရန်းမီတာကနေ ၁၂၅ စတုရန်းမီတာအထိကျယ်ဝန်းတဲ့ကြမ်းခင်းတွေနဲ့ အခန်းတွေရှိပါတယ်။

ရေကူးကန်၊ ဒါမှမဟုတ် မြို့ရှုခင်းကို ခံစားနိုင်တဲ့အခန်းတွေရှိပြီး အထပ်မြင့်ကအခန်းတွေဆိုရင်တော့ ရန်ကုန်မြို့ရဲ့ရှုခင်း တွေကို အပေါ်စီးကနေ တဝကြီးရှုမြင်ခံစားရမှာပါ။ မိသားစုတွေရက်ရှည်တည်းခိုဖို့အဆင်ပြေအောင် ရည်ရွယ်တာကြောင့် Suit အခန်းတွေမှာ ပစ္စည်းအစုံအလင်ပါရှိတဲ့ မီးဖိုချောင်၊ သီးသန့်နားနေခန်း နဲ့ ထမင်းစားခန်းတို့တောင်ပါဝင်ပါသေးတယ်။

ဒါတွေအပြင် မနက်စာ ဘူဖေးကနေ ညနေခင်းကော့တ်တေးလ်အထိ စုံစုံလင်လင်ရရှိနိုင်တဲ့ MiCasa Reataurant & Bar ၊ ဧည့်သည် ၂၀၀ ခန့်အထိအသုံးပြုနိုင်တဲ့ ရေကူးကန်၊ အစည်းအဝေး၊ပါတီ၊ မင်္ဂင်္လာဆောင်တို့လိုပွဲအခမ်းအနားတွေကျင်းပဖို့ ဧည့်သည် ၂၁၀ ခန့်ဧည့်ခံနိုင်အောင်ကျယ်ဝန်းတဲ့ ခန်းမကြီးတွေ၊ စီးပွားရေးသမားတွေအတွက် တစ်ယောက်တည်းကနေ ၆ ယောက်လောက်အထိအသုံးပြုနိုင်ပြီး နာရီအလိုက်၊ လ အလိုက်ငှားရမ်းအသုံးပြုနိုင်တဲ့ Ready To Work လုပ်ငန်းခွင်နေရာတွေလည်း ရှိပါတယ်။

play

 

နောက်ပြီး နောက်ဆုံးပေါ်အားကစားလေ့ကျင့်ရေးပစ္စည်းအစုံအလင်နဲ့ အေရိုးဗစ်သင်တန်းတွေရှိတဲ့ Sweat Club အားကစားခန်းမ၊ မြို့ပြမွန်းကျပ်မှုတွေနဲ့ဝေးပြီး အနက် ၂၁မီတာထိရှိတဲ့ ရေကူးကန်တစ်ကန်၊ ဘားတွဲဖက်ပါဝင်တဲ့ ရေကူးကန်တွေ၊ ကလေးထိန်းဝန်ဆောင်မှုတွေလည်းရှိတာကြောင့် ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ပေးထားတဲ့ဟိုတယ်တစ်ခုလို့ ဆိုရမှာပါ။

AccorHotels အဖွဲ့ဟာမြန်မာနိုင်ငံမှာ Mecure Yangon Kaba Aye အပြင် MGallery, The Lake Garden Nay Pyi Taw, Novotel Inle Lake Myat Min, Novotel Yangon Max, Ibis Styles Yangon Stadium နှင့် Sofitel Inle Lake Myat Min တို့ကိုပါအောင်အောင်မြင်မြင်စီမံခန့်ခွဲလျက်ရှိပါတယ်။

Mercure Yangon Kaba Aye အကြောင်း အချက်အလက် အသေးစိတ်နှင့် ဝန်ဆောင်မှုတွေကို  www.mercureyangonkabaaye.com  မှာဝင်ရောက်လေ့လာလို့ ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD