AD
AD
AD
play

 

မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်အော်ပရေတာအသစ် Mytel အပေါ် လူတွေအကြားစိတ်ဝင်စားမှုတွေမြင့်တက်နေတာ အားလုံးအသိပါပဲ။ စတင်မိတ်ဆက်တဲ့အချိန်မှာပဲ တခြားအော်ပရေတာတွေထက်သက်သာတဲ့ဈေးနှုန်းနဲ့ Data ၊ ဖုန်းခေါ်ဆိုမှု Package တွေ၊ အမိုက်စားပရိုမိုးရှင်းတွေကို ဖန်တီးပေးထားတာကြောင့် အဲဒီလို စိတ်ဝင်တစား ပြောဆိုဆွေးနွေးမှုတွေကို တွေ့နေရတာပဲ ဖြစ်ပါတယ်။

နောက်ပြီး Mytel ကသူတို့ရဲ့ Brand Ambassadors တွေအဖြစ် မြန်မာနိုင်ငံရဲ့ နိုင်ငံကျော်မင်းသား နေတိုးနဲ့ မြန်မာပရိသတ်တွေရဲ့ချစ်ခင်မှုတွေတခဲနက်ရရှိထားတဲ့ ဗီယက်နမ်မင်းသမီးချော ငုယင်ထရန်မေ တို့ကိုခန့်အပ်လိုက်နိုင်တာ ကြောင့်လည်း လူတွေရဲ့ စိတ်ကိုပိုမိုဆွဲဆောင်လိုက်နိုင်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင် Mytel က အသုံးပြုသူတွေအတွက် ပထမဆုံး ၃ လမှာ 1500 MB နဲ့ ဖုန်းခေါ်ဆို ၁၅၀ မိနစ်ပေးမယ့် အစီအစဉ်၊ ဘယ်လောက်ပဲငွေဖြည့်ဖြည့် ၁၀၀ ရာခိုင်နှုန်း Bonus ရမယ့်အစီအစဉ်၊ ဒေတာ 5 GB နဲ့ ဖုန်းခေါ်ဆိုခွင့် ၂၅၀ မိနစ်ကို ၄၀၀၀ ကျပ်သာကျသင့်မယ့် Double Benefits အစီအစဉ်တို့လို အံ့အားသင့် လောက်စရာ ဈေးနှုန်းနဲ့အစီအစဉ်တွေကို မိတ်ဆက်ပေးသွားဖို့ရှိနေပါတယ်။ Mite Tal ပရိုမိုးရှင်းကာလက ဇွန်လ၊ ၉ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်၊ ၂၀၁၈ ထိ ၃ လတောင်ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

play

 

နေတိုးနဲ့ ငုယင်ထရန် တို့က Mytel ရဲ့ Brand Ambassador တွေဖြစ်တာနဲ့အညီ Mytel ကိုဦးဦးဖျားဖျားသုံးကြည့်ပြီးတဲ့ နောက်မှာ သူတို့ရဲ့အတွေ့အကြုံတွေကို ပရိသတ်တွေနဲ့ပြန်လည်ဝေမျှပေးထားပါတယ်။

" Mytel နဲ့ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ VOLTE နည်းပညာပါပဲ။ ကျွန်တော်စမ်းသုံးကြည့်တယ်ဗျ။ ကျွန်တော် Youtube ဗွီဒီယိုတွေကြည့်၊သူငယ်ချင်းတွေဆီဖုန်းခေါ်ကြည့်တာ အရမ်းကောင်းတယ်ဗျ။ ဖုန်းပြောတဲ့အချိန်မှာ အသံက အသံဖမ်းထားတာကိုပြန်နားထောင်နေရလားထင်ရလောက်အောင် ကြည်လင်နေတာပဲ။ ဗွီဒီယိုတွေကြည့်တာလည်း တစ်ချက်လေးမှမထစ်သွားဘူး။ တကယ်လန်းတယ် " လို့နေတိုးက ပြောပါတယ်။

ဒါ့အပြင် နေတိုးက သူ့အနေနဲ့ Mytel ရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ခွင့်ရတာ ဝမ်းသာဂုဏ်ယူမိတယ်လို့လည်း ဆိုပါတယ်။ တကယ်တော့ Mytel ဟာဆက်သွယ်ရေးအော်ပရေတာတစ်ခုထက်ပိုတဲ့ နိုင်ငံ ၂ နိုင်ငံပေါင်းစပ်မှုတစ်ခုလို့လည်း ရှုမြင်ရမှာပါ။ နေတိုးအနေနဲ့ ကျေးလက်ဒေသမှသည် မြို့ပြဧရိယာ၊ အဲဒီကနေ နိုင်ငံတကာအသိုင်းအဝိုင်းထိရောက်ရှိမယ့် လုပ်ငန်းစဉ်ကြီးမှာ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ Mytel ဟာကျေးလက်ဒေသတွေထိ လွှမ်းခြုံပြီး အဲဒီဒေသတွေမှာ နေထိုင်တဲ့သူတွေဆီအထိရောက်ရှိမှာဖြစ်တာကြောင့် ကျေးလက်ဒေသက သူ့ရဲ့ပရိသတ်တွေ 4G ကွန်ရက်ကိုသုံးစွဲရတော့မယ့်အပေါ်မှာလည်း နေတိုးက စိတ်လှုပ်ရှားလို့နေပါတယ်။

ဗီယက်နမ်မင်းသမီးချော ငုယင်မေကတော့ Mytel သုံးစွဲရတဲ့ သူမရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" ဗီယက်နမ်က ကျွန်မရဲ့မိသားစုဆီ Video Call ခေါ်ပြီး ကျွန်မ မြန်မာနိုင်ငံ၊ရန်ကုန်မြို့မှာ နေကောင်းပြီး အစစအရာရာအဆင်ပြေကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကွန်နက်ရှင်က အရမ်း၊အရမ်းကိုကောင်းပါတယ်။ ဒီနိုင်ငံက ဘယ်လောက်လှတဲ့အကြောင်းနဲ့ ဒီမြန်မာနိုင်ငံမှာရှိတုန်း ကျွန်မဘာတွေလုပ်ဖြစ်မယ်ဆိုတဲ့အကြောင်းတွေ နာရီနဲ့ချီအောင် အကြာကြားပြောဖြစ်ပါတယ်။ Mytel ကြောင့် ကျွန်မတို့လို ကမ္ဘာကြီးပေါ်မှာတစ်ယောက်တစ်နေရာမှာ ရောက်နေတဲ့ မိသားစုတွေဟာ ပိုပြီးဆက်သွယ်ချိတ်ဆက်မိလာတော့မှာပါ "

play

 

Mytel ကနေပြီး အသုံးပြုသူအားလုံး ကိုယ်တိုင်ပါဝင်နိုင်ပြီး ပျော်ရွှင်ရမယ့် Shake App ဆိုတဲ့ အက်ပလီကေးရှင်းကိုလည်း ကြေညာထားပါသေးတယ်။ Shake App ကအရမ်းကိုရိုးရှင်းပြီး အသုံးပြုသူတိုင်းနဲ့ကိုက်ညီမှာပါ။ Shake App ဆိုတဲ့အတိုင်း အသုံးပြုသူအားလုံးဟာ ဖုန်းကိုလှုပ်ခါလိုက်ရုံနဲ့ Iphone X ၊ ပညာသင်ဆု၊ GB ထောင်နဲ့ချီတဲ့ ဒေတာအသုံးပြုခွင့်နဲ့ မိနစ်တွေအများကြီးရမယ့်ဖုန်းခေါ်ခွင့်တို့လို ဆုကြီးတွေကို ကံထူးနိုင်မှာပဲ ဖြစ်ပါတယ်။ Mytel အသုံးပြုသူတွေဟာ အဲဒီလိုရိုးရှင်းပြီးပျော်စရာကောင်းတဲ့ Shake App နဲ့ သြဂုတ်လ ၈ ရက်နေ့အထိ တစ်နေ့ကို ၅ ကြိမ်ထိ ဖုန်းကိုလှုပ်ခါပြီးကံစမ်းခွင့်ကိုရရှိမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD