News: ကမ္ဘာကျော်စားသောက်ကုန်အမှတ်တံဆိပ်Nestleက ထုတ်လုပ်တဲ့ မက်ဂီပဲငံပြာရည်နဲ့ ခရုဆီတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်

ကမ္ဘာ့နံပါတ်တစ် စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nestle ရဲ့ မက်ဂီ တံဆိပ် ပဲငံပြာရည်နဲ့ ခရုဆီတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်တဲ့အခမ်းအနားကို နိုဝင်ဘာလ၊ ၁၉ ရက်နေ့က မြန်မာပလာဇာမှာ ကျင်းပသွားခဲ့ပါတယ်။

play

 

ကမ္ဘာ့နံပါတ်တစ် စားသောက်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nestle ရဲ့ မက်ဂီ တံဆိပ် ပဲငံပြာရည်နဲ့ ခရုဆီတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်တဲ့အခမ်းအနားကို နိုဝင်ဘာလ၊ ၁၉ ရက်နေ့က မြန်မာပလာဇာမှာ ကျင်းပသွားခဲ့ပါတယ်။

အဆိုပါမိတ်ဆက်ပွဲကို Nestle Myanmar ရဲ့ Senior Marketing Manager Ms.Ivy Tan Link Cheh အပါအဝင် အခြားတာဝန်ရှိပုဂ္ဂိုလ်များ၊ Myanmar Distribution Group ရဲ့ Managing Director ဦးအောင်မော်သိန်း၊ ဒေါက်တာမိုးမြင့်ဝင်း နဲ့ မော်ဒယ်လ်သန္တာလှိုင်တို့က ဖွင့်လှစ်ပေးခဲ့ပြီး နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊ ဟဲလေး၊ ချောရတနာ၊ နီနီခင်ဇော်၊ ကျော်ထူး၊ ကြူကြူသင်း နဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေ၊ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

play

 

မြန်မာနိုင်ငံက မေမေတွေ ကျန်းမာရေးနဲ့ညီညွတ်ပြီးအရသာရှိတဲ့ဟင်းလျာတွေ ဖန်တီးရင်း မိခင်မေတ္တာကို ဖော်ပြနိုင်အောင်ကူညီပေးဖို့ မြန်မာနိုင်ငံကို မက်ဂီရောက်ရှိလာပါပြီလို့ Nestle Myanmar ကဆိုထားပါတယ်။

မိတ်ဆက်ပွဲမှာ အချိုအငန် အရောင်တင်ဖို့အတွက် မက်ဂီပဲငံပြာရည် နဲ့ ကမာကောင်အစစ်တွေကနေ ထုတ်လုပ်ထားတဲ့ မက်ဂီခရုဆီဆိုပြီး ကုန်ပစ္စည်းနှစ်မျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။ မက်ဂီပဲငံပြာရည်ကို သဘာဝအတိုင်းစီမံထားတဲ့ ပဲပုတ်ကနေ ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်ထားပြီး ဟင်းချက်တဲ့နေရာမှာသာမကဘဲ အသားတွေကိုအရသာရှိအောင်နှပ်တဲ့နေရာမှာ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။

မက်ဂီပဲငံပြာရည်ဟာ ဟင်းတွေကို အရသာရော အရောင်အဆင်းပါ ပိုမိုကောင်းမွန်စေနိုင်ပြီး ကလေး၊လူကြီးတိုင်းရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေတဲ့ သွိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာမှာအရေးကြီးတဲ့ အိုင်အိုဒင်းဓါတ်နဲ့ အခြားအာဟာရဓါတ်တွေလည်း ပါဝင်တယ်လို့ဆိုထားပါတယ်။

မက်ဂီပဲငံပြာရည်ဟာ ပဲငံပြာရည် အကြည်နဲ့အနောက်ကို မျှတအောင်ပေါင်းစပ်ထားတာဖြစ်ပြီး မြန်မာတွေရဲ့နေ့စဉ်ဟင်းလျာတွေဖြစ်တဲ့ ထမင်းကြော်၊ ဟင်းချို၊အသုပ်၊ အသားဟင်းတို့အပြင် အခြားဟင်းလျာတွေချက်ပြုတ်ရာမှာ အရသာနဲ့အရောင်အဆင်းပိုမိုကောင်းမွန် အောင် ကူညီပေးနိုင်မယ်လို့လည်း သိရပါတယ်။

မက်ဂီခရုဆီကတော့ သန့်ရှင်းလတ်ဆက်တဲ့ ကမာကောင်အစစ်ကနေထုတ်လုပ်ထားတာကြောင့် အရသာပြည့်ဝပြီး ရွှေညိုရောင်အဆင်းရှိကာ ဟင်းရွက်ကြော်တဲ့နေရာ၊ အသားနှပ်တဲ့နေရာနဲ့ နေ့စဉ်ဟင်းလျာတွေချက်ပြုတ်တဲ့နေရာမှာ ထည့်သွင်းအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

မိတ်ဆက်ပွဲအခမ်းအနားမှာ ဝါရင့်နာမည်ကျော်စားဖိုမှူး ဦးဆန်နီက ဦးဆောင်သရုပ်ပြချက်ပြုတ်ပြခဲ့ပြီး အနုပညာရှင်တွေ ဖြစ်တဲ့ ဇော်ပိုင်၊ ဟဲလေး ၊ချောရတနာ နဲ့သူတို့ရဲ့မိသားစုတွေ၊ သရုပ်ဆောင်ကျော်ထူး၊ ကြူကြူသင်း နဲ့ DJ Wine တို့ကလည်း ပါဝင်ချက်ပြုတ်ခဲ့ကာ တက်ရောက်လာတဲ့ပရိသတ်တွေနဲ့ ဧည့်သည်တော်တွေက ၎င်းတို့ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေက မြည်းစမ်းခဲ့ကြပါတယ်။

မက်ဂီ ပဲငံပြာရည်နဲ့ ခရုဆီတို့ကို Myanamar Distribution Group က မြန်မာတစ်နိုင်ငံလုံးကို တာဝန်ယူဖြန့်ချီမှာဖြစ်ပြီး လက်လီအရောင်းဆိုင်တွေ၊ စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်မှာဖြစ်ကာ ၂၀၀ မီလီ မက်ဂီပဲငံပြာရည် နဲ့ ၂၁၀ ဂရမ် မက်ဂီခရုဆီကို ၁၀၀၀ ကျပ်၊ ၇၀၀ မီလီမက်ဂီပဲငံပြာရည် နဲ့ ၇၆၀ဂရမ် မက်ဂီခရုဆီ တို့ကို ၂၀၀၀ ကျပ်ထက် မပိုတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ